ကြွေရုပ်-38

Start from the beginning
                                    

"မရဘူး ကိုယ်က baby ကိုဘဲစားချင်တာ"

Chanyeol ပြောရင်းနောက်တစ်ကြိမ်ထပ်ကိုက်ပြန်တော့ Baekhyun ပြုံးသည်။

Chabyeol, Baekhyun ရဲ့မျက်နှာလေးကိုစိုက်ကြည့်ကာ

"ကိုယ်မယုံနိုင်သေးဘူးသိလား? Baby နဲ့ခုလိုပြန်အဆင်အြေသွားလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူး...ကိုယ်အိပ်မက်မက်နေတာတော့မဟုတ်ပါဘူးနော်"

Chanyeol ပြောစကားများကို Baekhyun နားထောင်နေရင်းမှ ရုတ်တရပ် Chanyeol ရဲ့နားရွက်ကားကားလေးကိုဆွဲလိုက်တာမို့ Chanyeol ငယ်သံပါအောင်အော်တော့သည်။

"Ahhhh!!!! Baby နာတယ်...လွှတ်ဆို"

Baekhyun အတော်ကြာနားရွက်ကိုလိမ်ဆွဲပြီးမှ လွှတ်လိုက်တော့ Chanyeol သူ့နားရွက်လေးကိုလက်နဲ့အုပ်ကိုင်ကာ ဆူပုတ်ပုတ်ရုပ်ဖြင့်...

"ဘာလို့နားရွက်ကိုလိမ်ဆွဲရတာလဲ puppy ပေါက်ရ...အားတွေကလဲရှိလိုက်တာ နားရွက်ပြတ်သွားပြီလးတောင်အောက်မေ့ရတယ်"

ဆူပုတ်ပုတ်နဲ့ကလေးဆန်စွာပြောနေတဲ့ Chanyeol ပုံစံကြောင့် Baekhyun ခွီကနဲထရယ်မိသည်။ အခု Chanyeol ကိုကြည့်ပြီး အရင်က နေရာတကာရန်လျှောက်ဖြစ်နေတဲ့ Wu Chanyeol လို့ပြောရင်ဘယ်သူမှယုံမှာမဟုတ်...

"Aigoo wuri yeobo အရမ်းနာသွားတာလား...Channie ကအိပ်မက်မက်နေတာလားလို့မေးလို့ baby ကအိပ်မက်မဟုတ်ကြောင်းသက်သေပြတာလေ ခ်ခ်"

"အဲ့တာနဲ့ဘဲ အဲ့လောက်တောင်ဆွဲရလား babyရ...နာလိုက်...."

Chanyeol ပြောနေရင်း စကားသံတွေထပ်ထွက်မလာတော့...အကြောင်းက သူ့ရဲ့ပါးစပ်လေးကို Baekhyun သူ့နှုတ်ခမ်းနဲ့ပိတ်လိုက်ခြင်းကြောင့်ပင်...

Chanyeol လည်း Baekhyun ရဲ့ခါးလေးကိုဖက်ကာအနမ်းတွေကိုပိုမိုသိပ်သည်းစေလိုက်သည်။
ထပ်တူကျနေတဲ့ နှုတ်ခမ်းတစ်စုံနဲ့အတူ ထပ်တူကျနေတဲ့သူတို့နှစ်ယောက်ရဲ့ရင်ခုန်သံတွေက မနက်ခင်းရဲ့အလှကိုပိုမိုအသက်ဝင်စေခဲ့သည်။

အသက်ရှူကြပ်လာတော့မှ နှုတ်ခမ်းနှစ်ခုခွာလိုက်ကာ ခုမှအသက်ကိုမနည်းလုရှူနေကြသည်။

Baekhyun, Chanyeol ရဲ့နားရွက်လေးကိုခပ်ဖွဖွလေးနမ်းလိုက်ကာ

"ကဲ...အနာသက်သာသွားပြီဟုတ်"

ကြွေရုပ်(Complete)Where stories live. Discover now