ကြွေရုပ်-26

Start from the beginning
                                    

"ထားပါတော့ ဒီနေ့ဘယ်သူဝင်တိုက်တယ် မတိုက်ဘူး ငြင်းနေတာနဲ့ပြီးတော့မှာမဟုတ်ဘူး Hyung သွားတော့မယ်နော်"

"Nae hyung"

Kris ထိုကောင်လေးရှေ့ကအမြန်ပြေးထွက်လာခဲ့သည်။ အဲ့ကောင်လေးမျက်နှာကိုမြင်တော့ ဘာလို့အလိုလိုရင်ထဲတင်းကြပ်ဆို့နစ်လာရတာလဲ? ဘာလို့ငိုချင်လာရတာလဲ?

"Hyung ခဏ!"

Kris ရင်ထဲတင်းကြပ်လာတာမို့ ထိုနေရာကအမြန်ပြေးထွက်ဖို့ပြင်လိုက်ပေမဲ့ နောက်ကလှမ်းခေါ်လိုက်တဲ့ထိုကောင်လေးအသံကြောင့် လှည့်ကြည့်လိုက်မိသည်။

"Hyung နာမည်ဘယ်လိုခေါ်လဲမသိဘူး"

"Kris...Wu Krisပါ"

"Arr Nae ကျွန်တော့်နာမည် Oh Sehun ပါ နောက်တွေ့လဲခေါ်နော်...ဘာဖြစ်လို့မှန်းမသိဘူး Hyung ကိုခုမှတွေ့ဖူးပေမဲ့ အရမ်းခင်သွားမိလို့"

"အင်းပါ သွားပြီနော်"

Ashi စိတ်ညစ်နေရတဲ့ထဲသူကရောဘယ်သူလဲ?! ဘာလို့...ဘာလို့ ဟိုးအရင်တုန်းကလိုခံစားချက်မျိုးဖြစ်နေရတာလဲ??!!!

Ashi Oh Sehun မင်းဘယ်သူလဲကွာ....

*****************ကြွေရုပ်**************

~ဒေါက်~ဒေါက်~

"Hyung ကျွန်တော်ဝင်ခဲ့မယ်နော်"

Luhan တို့စကားပြောနေတုန်း တံခါးခေါက်သံနဲ့အတူ Sehun ဝင်လာတာကြောင့် စကားစပြတ်သွားရသည်။

" Hun လာလေ ဖုန်းပြောလို့ပြီးပြီလား?"

Hun-"Nae hyung ပြီးပါပြီ အခြေအနေကတော့သိပ်မကောင်းဘူး Hyung ဒီမှာ ဦးလေးရဲ့မွေးစားသားရှိနေတယ်တဲ့...ကျွန်တော်တို့ဂရုစိုက်မှရမယ်...သူကလဲဒီမှာလူမိုက်ဆိုတော့ ကျွန်တော်တို့ကိုအန္တရာယ်မပေးပါဘူးလို့ပြောလို့မရဘူးလေ"

"omm ဘာဘဲဖြစ်ဖြစ် အဲ့ကောင်ကိုသတိထားရမှာပေါ့...ဒါနဲ့ သူ့နာမည်ကဘာတဲ့လဲ ဒီမှာလူမိုက်ကောင်ဆို Chanyeol သိမှာပေါ့...သူလဲလူမိုက်ကောင်ဘဲကို"

Luhan စကားကြောင့် Sehun ကအူကြောင်ကြောင်နဲ့ Chanyeol ဘယ်သူလဲရှာနေသလို...Chen ကတော့ ပြုံးစိစိ....Chanyeol ကတော့ သူ့ကိုချည်းစကားပြောတိုင်းဖဲ့နေတဲ့ Luhan hyung ကိုဂျိုကြည့်ကြည့်ပေးလိုက်သည်။

ကြွေရုပ်(Complete)Where stories live. Discover now