ကြွေရုပ်-23

Start from the beginning
                                    

Kris ပြောပြီးတာနဲ့ ထွက်သွားဖို့ပြင်တော့ သူ့လက်မောင်းကိုလာဆွဲတဲ့ လက်ဖဝါးနုနုတစ်စုံ...

Kris လှည့်ကြည့်တော့ Baekhyun အကြည့်တွေကသူ့ဆီမှာရှိမနေဘဲ ကြမ်းပြင်ကိုသာစိုက်ကြည့်ကာ

"မသွားပါနဲ့ hyung...ကျွန်တော် ဒီလိုလုပ်တာလဲအကြောင်းရှိလို့ပါ...တစ်နေ့ hyung နားလည်လာပါလိမ့်မယ်...မဖြစ်နိုင်မှန်းသိပေမဲ့ ကျွန်တော်တစ်ခုလောက်ပြောပါရစေ...ကျွန်တော့်အပေါ်မှာ hyung ရဲ့အချစ်နည်းနည်းလောက်ကျန်သေးရင်ဖြစ်ဖြစ် ဒီမှာဘဲနေပေးပါ"

နည်းနည်းတဲ့လား ကလေးရယ်....ပြောရက်လိုက်တာကွာ...hyung မင်းအပေါ်ထားတဲ့အချစ်တွေက နည်းနည်းလေးမှမဟုတ်တာဘဲ...

ဒါပေမဲ့လေ ပြောမပြတတ်အောင်ကြီးမားလွန်းတဲ့ hyung ရဲ့အချစ်တွေကို မင်းကိုယ်တိုင်ဘဲ ဥပေက္ခာပြုခဲ့တာမဟုတ်ဘူးလား?!

ငါ့အချစ်တွေကိုမင်းကိုယ်တိုင်ဘဲ ဖျက်ဆီးခဲ့တာမဟုတ်ဘူးလား??!!

ငါမင်းကိုမမုန်းပါဘူး ဒါပေမဲ့ငါ့အချစ်တွေကိုဥပေက္ခာပြုခဲ့တဲ့မင်းကို နည်းနည်းလောက်ဖြစ်ဖြစ်ပြန်ခံစားရအောင်လုပ်ချင်တယ်...

အဓိကကတော့ Wu Chanyeol ရင်ခွင်ထဲကနေမင်းကိုဆွဲထုတ်ချင်တယ်!! ငါမပိုင်ဆိုင်ရတဲ့မင်းကိုဘယ်သူမှမပိုင်ဆိုင်စေရဘူး!! ငါ့အပေါ်သစ္စာမရှိခဲ့တဲ့မင်းကို သစ္စာမဲ့တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာဘဲ မင်းတို့နှစ်ယောက်ကွဲကွာသွားအောင်လုပ်ပြမယ်!!

Kris ကိုယ့်အတွေးနဲ့ကိုယ် မဲ့ပြုံးလှလှတစ်ခုကိုပြုံးကာ Baekhyun ကိုစိုက်ကြည့်လိုက်ပြီး

"ကောင်းပြီလေ....မင်းသဘောအတိုင်းငါဒီမှာဘဲနေမယ် ဒါပေမဲ့မင်းကိုချစ်လို့တော့မဟုတ်ဘူးနော်...မင်းအပေါ်မှာငါ့အချစ်နည်းနည်းလေးတောင်မရှိတော့ဘူး!! ငါ့ကိုဒီမှာအတူနေခိုင်းတာ နောက်မှနောင်တမရဖို့မျှော်လင့်ပါတယ် Byun Baekhyun"

Kris ပြောပြီးတာနဲ့ မျက်ဝန်းထောင့်ကမြင်လိုက်ရတဲ့အရိပ်တစ်ခုကြောင့် အဓိပ္ပါယ်ရှိရှိပြုံးလိုက်ကာ Baekhyun ကိုယ်လေးကိုနံရံကိုဆွဲကပ်လိုက်သည်။

ရုတ်တရပ်မို့ Baekhyun လဲကြောင်သွားကာသူ့ကိုစိုက်ကြည့်နေတုန်း...ထပ်တူကျသွားတဲ့နှုတ်ခမ်းနှစ်စုံ...

ကြွေရုပ်(Complete)Where stories live. Discover now