ကြွေရုပ်-14

Start from the beginning
                                    

ဒေါသတွေအရမ်းထွက်ကာ အေယ်ဟစ်နေတဲ့ Chanyeol ပုံစံကို Baekhyun လန့်နေမိသည်။
သူ့ပုံစံကတကယ်ကြောက်စရာကောင်းနေတာကို
ဒါပေမဲ့ ကြောက်နေလို့မဖြစ်ဘူး...အခု hyung ဆီသွားမှဖြစ်မယ်...hyung ကျွန်တော့်ကိုအရမ်းစိတ်ပူနေလောက်ပြီ...

Baekhyun လက်သီးတင်းတင်းဆုပ်လိုက်ကာ အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ပြီး

"ဟုတ်တယ် Wu Chanyeol...ငါမင်းကိုလုံးဝမချစ်ဘူး!! ငါ hyung ကိုဘဲချစ်တယ်...hyung ကငါ့ဘဝ ငါ့အသက် ငါ့ဘဝဘဲ!! ညီအစ်ကိုသာပြောတယ် မင်းတို့နှစ်ယောက်ကတကယ်ကွာခြားတာဘဲ...မင်းလို လူဆိုးလူမိုက် အတ္တကြီးတဲ့ကောင်ကို ငါကပြန်ချစ်ရမှာလား?? ဝေးသေးတယ် ဘယ်တော့မှ ပြန်ချစ်မှာမဟုတ်ဘူး!! မင်းငါ့ကိုချစ်တယ်ဆိုရင်ခုချက်ချင်းကြိုးဖြည်ပေး!! ငါ့ကို hyung စိတ်ပူနေလောက်ပြီ"

Baekhyun စကားတွေကြောင့် Chanyeol ရယ်သည်။ သာမန်တော့မဟုတ် နတ်ဆိုးတစ်ကောင်လိုမျိုးလှောင်ရယ်နေတာ

Chanyeol အရယ်ဝတော့မှ Baekhyun ဆီတဖြည်းဖြည်းလျှောက်လာကာ Baekhyun ခန္ဓာကိုယ်ပေါ်အုပ်မိုးပြီး Baekhyun မျက်နှာကိုစိုက်ကြည့်ကာ

"မဖြည်ပေးဘူးဆိုရင်ရော??? ငါတို့အခုရှိနေတဲ့နေရာက ဘယ်သူမှမသိတဲ့နေရာ...မင်းရဲ့ hyung လည်းမင်းကိုကယ်နိုင်မှာမဟုတ်ဘူး....Hak ပထမတော့ငါကမင်းတို့လက်ထပ်ပွဲကိုဖျက်ရုံလောက်ဘဲစဉ်းစားထားတာ...ပြီးရင် မင်းအချစ်ကိုရအောင်ကြိုးစားမယ်ပေါ့....ဒါပေမဲ့မင်းကငါ့ကိုမှမချစ်နိုင်တာဘဲ!!! မင်းအချစ်ကိုမရမှတော့မင်းဘဝကိုဘဲ အပိုင်သိမ်းရလိမ့်မယ် Byun Baekhyun"

Chanyeol မဲ့ပြုံးတစ်ခုပြုံးကာ Baekhyun ခန္ဓာကိုယ်မှာချီထားတဲ့ကြိုးတွေကိုဖြုတ်ပစ်လိုက်သည်။
လက်ကကြိုးကိုတော့မဖြုတ်ပေး...

ကြိုးတွေပြေသွားတာနဲ့တစ်ပြိုင်နက် Baekhyun ချက်ချင်းထပြေးတော့သည်။

ဒါပေမဲ့ Chanyeol ကသူ့ကိုပြန်ဆွဲကာ ကုတင်ပေါ်တွန်းချလိုက်တာမို့ လဲကျသွားရသည်။

Chanyeol သူ့အပေါ်အုပ်မိုးလာတာကြောင့် Baekhyun အတင်းရုန်းကန်မိသည်။

"Wu Chanyeol!! မင်းမယုတ်မာနဲ့နော်!"

"Hk မယုတ်မာပါဘူး Baekhyun ရယ်...မင်းကမှကိုယ့်ကိုမချစ်နိုင်တာဘဲ...မင်းအချစ်ကိုမရပေမဲ့ မင်းဘဝကိုတော့ကိုယ်ဘဲပိုင်ဆိုင်ရလိမ့်မယ်...အဲ့တာကို ယုတ်မာတယ်လို့ခေါင်းစဉ်တပ်ရင်လည်းမင်းသဘောဘဲ"

ကြွေရုပ်(Complete)Where stories live. Discover now