ကြွေရုပ်-8

Start from the beginning
                                    

"................"

"အဲ့လိုကြီးမနေပါနဲ့ကွာ တစ်ခုခုတော့ပြန်ပြောဦးလေ"

"................."

ဘာမှပြန်မပြောဘဲ သူ့ရင်ခွင်ထဲမှာသာငိုနေတဲ့ Baekhyun ကြောင့် Kris မျက်ရည်ဝဲလာမိတယ်
မငိုပါနဲ့ကလေးရယ် ကလေးရဲ့မျက်ရည်တွေကိုမြင်ရတာကိုယ်ရင်နာလို့ပါကွာ...

Kris, Baekhyun ပုခုံးကိုကိုင်ကာ သူနဲ့မျက်နှာချင်းဆိုင်စေပြီး..

"ကလေး ကိုယ့်ကိုကြည့်"

Baekhyun မကြည့်...ခေါင်းကိုသာငုံ့ထားသည်။

"ကိုယ့်ကိုကြည့်ပါဆိုကွာ"

ဒုတိယတစ်ခါပြောလိုက်တော့ Baekhyun မော့ကြည့်လာတယ်...သူ့မျက်ဝန်းထဲမှာတော့ မျက်ရည်ဥလေးတွေတွဲခွဲနေခဲ့တယ်...ရင်နာလိုက်တာ ကလေးရယ်...ကိုယ့်အမှားပါ ဟိုကောင့်အပေါ်ဖြစ်တဲ့ဒေါသကို ကလေးဆီမပုံချခဲ့သင့်ဘူး
ကိုယ်မှားတာပါ

"ကလေး သေချာနားထောင်နော် ကိုယ်ကလေးကိုအရမ်းချစ်တာကလေးသိတယ်မလား...နောက်ကိုယ်ဘယ်တော့မှအဲ့လိုမပြောတော့ပါဘူး အဲ့တာကြောင့်မငိုနဲ့တော့နော် ကိုယ်တကယ်တောင်းပန်ပါတယ် ကလေးရယ်...ကိုယ့်ကိုစိတ်မဆိုးနဲ့တော့နော်"

Kris တိုးတိုးလျလျလေးနဲ့နွေးနွေးထွေးထွေးလေးပြောကာ Baekhyun ပါးပြင်ပေါ်ကမျက်ရည်တွေကို ညင်သာစွာသုတ်ပေးသည်။

"ကျွန်တော် hyung ကိုစိတ်မဆိုးပါဘူး ဒါပေမဲ့စိတ်မကောင်းတော့ဖြစ်တယ်...ကျွန်တော်သိပ်ချစ်ရတဲ့ hyung ကကျွန်တော့်ကိုအဲ့လိုပြောတာ တကယ်စိတ်မကောင်းဖြစ်မိတယ် hyung"

"Miyanae ကလေး...ကိုယ်တကယ်တောင်းပန်ပါတယ်"

"ထားလိုက်ပါတော့ hyung မတောင်းပန်ပါနဲ့တော့...ကျွန်တော်ဘာမှမဖြစ်တော့တာမို့ အဲ့ကိစ္စမဖြစ်ခဲ့ဘူးလို့ဘဲသဘောထားလိုက်ရအောင်"

Baekhyun စကားကြောင့် Kris မျက်လုံးလေးအရောင်လက်သွားကာ Baekhyun ကိုကြည့်လာတယ်

"တကယ်ပြောတာလား ကလေး အဲ့တာဆို ကလေးကကိုယ့်ကိုစိတ်မဆိုးတော့ဘူးပေါ့နော်"

"omm ဒါပေမဲ့ hyung ကျွန်တော့်ကိုကတိတစ်ခုတော့ပေးရလိမ့်မယ်"

"omm ဘာကတိလဲ? ကလေးကြိုက်တာပြောပါ ကိုယ်အားလုံးပေးနိုင်တယ်"

ကြွေရုပ်(Complete)Where stories live. Discover now