ကြွေရုပ်-4

Start from the beginning
                                    

"မင်းတော့သေတော့မယ်! တော်ပြီအိပ်မယ်ဆိုအိပ်တော့ ကျွန်မျိုးကြီးအလုပ်မရှိဘဲအားယားနေလို့စောင့်ပေးမယ်ဟုတ်ပြီလား?"

"သဘောဘဲ"

Chanyeol ပြောပြီးကုတင်ပေါ်သွားအိပ်နေတော့ Chen ရယ်သည်။
အဲ့ကလေးကအဲ့လိုဘဲ စကားပြောရင်အမြဲတမ်းလူမြင်ကတ်အောင်ပြောတယ် ဒါပေမဲ့သူ့စိတ်ရင်းလေးကတော့ကောင်းရှာပါတယ်...သူလုပ်ချင်တာဆိုရှေ့နောက်မကြည့်ဘဲတဇွတ်ထိုးလုပ်တတ်တာကလွဲလို့ပေါ့...

Chanyeol စဉ်းစားနေမိသည်....ဟိုကောင်လေးကဘာလို့ဒီဆေးရုံရောက်နေတာလဲ? ပြီးတော့သူလာတဲ့ဘက်က VVIP အခန်းဘက်ကလာတာ...အသိများဆေးရုံတက်နေရလို့လား? ဒါမှမဟုတ်မိသားစုဝင်ဘဲလား?

ကောင်လေးရေ ငါမင်းကိုသာချစ်မိနေတာ အခုချိန်ထိမင်းနာမည်မသိသေးဘူးနော်...ငါမင်းကိုအရမ်းတွေ့ချင်နေပြီကွာ..

*****************ကြွေရုပ်**************

ဒီနေ့ Kris ဆေးရုံကဆင်းတာမို့ Baekhyun ရော Chen ပါရောက်နေကြသည်။

Chanyeol လား? အဲတဇွတ်ထိုးလေးကဆေးရုံမှာမနေချင်ဘူးဆိုပြီးမနေ့ကတည်းကဆင်းသွားတာ...Kris ကတော့ စိတ်ချရအောင်ဒီနေ့မှဆင်းတာလေ

"Chen ah ငါ့ကိုလိုက်မပို့နဲ့တော့ ငါကလေးနဲ့အပြင်သွားမလို့ မင်းပြန်ရင်ပြန်တော့လေ"

"omm အဲ့တာဆိုငါပြန်တော့မယ်နော် မင်းတို့နှစ်ယောက်ကြောင့်အလုပ်တွေဖျတ်ထားရတာ အခုတောင်လိုပုံနေပြီ သွားတော့မယ်"

"အေးပါကွာ Miyanae ငါ့ကြောင့်မင်းအချိန်တွေထိခိုက်သွားပြီ...တကယ်အားနာပါတယ်ကွာ"

"အေး အားနာရင်လည်းမင်းတို့နှစ်ယောက်တည့်တည့်နေ အဲ့ခါကျငါ့အချိန်တွေမကုန်တော့ဘူး"

"Chen!!! အဲ့ကောင်အကြောင်းငါ့ကိုထပ်မပြောနဲ့တော့"

Kris ရဲ့မျက်နှာမှာဒေါသရိပ်တွေတွေ့နေရပြီမို့ Chen ဆက်မပြောတော့ဘဲ ထွက်သွားတော့သည်။
Kris ဒေါသထွက်ရင်ဘယ်လောက်ကြောက်ဖို့ကောင်းလဲ သူနဲ့ Chanyeol သာအသိဆုံးလေ...အေးလေသူတို့်နှစ်ယောက်ဘဲသိမှာပေါ့..Kris ဒေါသထွက်ရင်သူတို့နှစ်ယောက်ကြောင့်ချည်းဘဲလေ အခြားကြောင့်ဒေါသထွက်တယ်ဆိုတာသိပ်မှမရှိတာဘဲ..

ကြွေရုပ်(Complete)Where stories live. Discover now