ကြွေရုပ်-2

Start from the beginning
                                    

"ဟုတ်ပါပြီဗျာ ကိုယ်က ကလေးကိုလွမ်းနေတာ"

Kris ပြောရင်း Baekhyun ရဲ့နဖူးလေးကိုနမ်းလိုက်တော့ Baekhyun ပြုံးသည်

"hyung ဒီနေ့ company မသွားဘူးလား? အလုပ်ချိန်ကြီးကို"

"omm သွားပြီးမှပြန်ထွက်လာတာ ဒီနေ့ Wu သူဋ္ဌေးကြီး company ကိုလာမယ်ဆိုလို့ မတွေ့ချင်တာနဲ့ထွက်လာတာ"

"Aww nae hyung"

Baekhyun သိပါတယ် Kris တို့မိသားစုက အဆင်မပြေကြဘူးဆိုတာ...ပြီးတော့ hyung ကသူ့အဖေကိုဘယ်တော့မှ appa လို့မခေါ်ဘူး Wu သူဋ္ဌေးကြီးလို့ဘဲခေါ်တာ...ပြီးတော့ hyung မှာကျွန်တော်နဲ့ရွယ်တူညီတစ်ယောက်ရှိတယ်လို့ကြားတယ်...သူနဲ့လည်းအတော်လေးမတည့်ဘူးတဲ့...နာမည်က Wu Chanyeol ဆိုလားဘဲ...တစ်ခါမှတော့မတွေ့ဖူးဘူး

"ကဲ ကလေး ဒီနေ့ကိုယ်အားတယ်ဆိုတော့ လျှောက်လည်ရအောင်လေ..ဒီနေ့တစ်နေကုန် ကလေးအတွက်အချိန်ပေးမယ်"

"Date?"

"omm date ပေါ့ kharja"

Kris, Baekhyun လက်ကိုဆွဲကာ တနေ့လုံးလျှောက်လည်ခဲ့သည်။ နေရာအတော်အစုံလျှောက်လည်ပြီးမှ နမ်ဆန်တာဝါကိုသွားခဲ့ကြသည်။

Coffee ခွက်လေးကိုင်ကာမတ်တပ်ရပ်နေတဲ့ Baekhyun ရဲ့ပုံလေးက ညရှုခင်းတွေထက်တောင်လှလွန်းတယ်

Coffee ခွက်ကိုကိုင်ထားတဲ့သူ့ရဲ့လက်သွယ်သွယ်လေးက မိန်းကလေးတွေလက်ထက်လှတယ်လို့်ပြောရင်လွန်ရာကျနေမလား? Arni တကယ်မိန်းကလေးတွေလက်ထက်လှတာပါ

ဖွေးစွတ်နေတဲ့သူ့အသားအရည်...လေတစ်ချက်တိုက်လိုက်တိုင်းဝေ့ယမ်းသွားတဲ့သူ့ဆံပင်လေးတွေကြောင့် Kris နှလုံးခုန်သံတွေအဆမတန်မြန်လာရသည်

အရောင်မဆိုးပါဘဲနှင့် နီရဲနေတဲ့နှုတ်ခမ်းဖူးဖူးလေးကို Kris ပိုင်ဆိုင်ချင်မိသည်။ ဒါပေမဲ့ အဲ့နှုတ်ခမ်းလေးကို Kris တစ်ခါမှ မပိုင်ဆိုင်ဖူးခဲ့...Baek နဲ့ချစ်သူတွေဖြစ်တာ နောက်လဆိုတစ်နှစ်ပြည့်တော့မယ် သူ့ရဲ့နှုတ်ခမ်းကိုတစ်ခါမှထိတွေ့ခွင့်မပေးခဲ့..

ဘာ့ကြောင့်ထိတွေ့ခွင့်မပေးမှန်းမသိပေမဲ့ ချစ်ရသူစကားဆိုတော့ကျွန်တော် အမြဲတသွေမသိမ်းနားထောင်ရမှာပေါ့...

ကြွေရုပ်(Complete)Where stories live. Discover now