အမုန်းရဲ့အဆိပ်​သင့်​သူ !

Start from the beginning
                                    

"စိတ်လုံတာတွေ မလုံတာတွေကို အသာဘေးချိတ်ပြီး အကောင်းဆုံးဖြေရှင်းနိုင်မဲ့ နည်းလမ်းကိုပဲ ရွေးချယ်ပါတော့ TAO ရယ် ….ဒါဆို နင်ရော နင့်ကလေးရော KRIS အနားမှာ တစ်သက်စာ ထာဝရ နေလို့ရပြီပေါ့"

"LUHAN….အကြံပေးချက်တွေက အရင်က ငါ့ရင်ထဲက အမုန်းတရာတွေ ရှိစဉ်ကတော့ ဟုတ်တာပေါ့…ဒါပေမဲ့ အခု ငါ့ရင်ထဲမှာ KRIS ကိုချစ်မိတဲ့အချစ်တွေ ဘယ်အချိန်ကတည်းက ကိန်းအောင်းခိုဝင်နေခဲ့လဲ မသိဘူး….ငါ သတိထားမိတဲ့ အချိန်ရောက်တော့ ငါ..ငါလေ KRIS ကို အရမ်းချစ်မိနေပြီဟယ်…. တစ်ခါတစ်လေ ငါ့ရဲ့စိတ်ကို ငါကိုယ်တိုင် အံ့သြလွန်းလို့ ဘယ်လိုယုံကြည်ရမှန်းတောင် မသိတော့ဘူး…."

တည်ငြိမ်လေးနက်စွာနဲ့ ပြောနေသော TAO၏စကားလုံးတိုင်းက အဓိပွါယ်တွေနဲ့ သက်ဝင်လို့နေ၏..။

"ဒါဆို နင် ဖွင့်ပြောမယ်ပေါ့"

LUHAN ရဲ့ အမေးကို TAO ခပ်ဖြည်းဖြည်း ခေါင်းငြိမ့်လိုက်သည် ။

"ဟုတ်တယ်..ငါ ဖွင့်ပြောလိုက်တော့မယ်"

LUHAN မျက်လုံးအစုံ ပြူးကျယ်ဝိုင်းစက်သွား၏

"ဒါဆို နင်ေ၇ာ နင့်ဗိုက်ထဲက ကလေးရော သူမုန်းသွားမှာပေါ့…နင် ဒါကို ခံနိုင်ရည်ရှိလို့လား…..ငါတော့ နင့်အစား စိတ်ညစ်လွန်းလို့ သေတောင် သေလိုက်ချင်တယ်။"

ကိုယ့်အတွက် ပူပန်ပေးနေသော သူငယ်ချင်းကို ကျေးဇူးတင်သော အပြုံးခပ်ယဲ့ယဲ့ တုံ့ပြန်ရင်း…

"ငါကိုယ်တိုင်ရေးခဲ့တဲ့ သမိုင်းပဲ….ငါ့မှာ ဘာရွေးချယ်ခွင့်များ   ရှိဦးမှာလဲ.."

LUHAN  အလေးပင်ဆုံး သက်ပြင်းမောကို ချလိုက်ပြီး TAO ၏စိတ်ကို နားအလည်ဆုံးသောသူတစ်ယောက် အနေနဲ့ ဘာမှ မတားဆီးချင်တော့..။

"နင် အတော်လေး ခံနိုင်ရည်ရှိအောင် ကြိုးစားပြီးမှ ဖွင့်ပြောပေါ့…သူ လက်မခံခဲ့ရင် ဘာလုပ်သင့်တယ်ဆိုတာလဲ ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုလိမ့်မယ်.. ။"

"ငါ့ကိုစိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်တယ် LUHAN ရယ်.. ငါဘယ်လို ကံကြမ္မာမျိုးနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ငါနဲ့ အတူ ငါ့ရင်သွေးလေးလဲရှိနေတာပဲ….သူဟာ ငါ့ရဲ့ အင်အားတစ်ရပ်ပဲလေ…."

HATE RACEWhere stories live. Discover now