ည၏ ဖမ်းစားမှု

Start from the beginning
                                    

"ဘာအဓိပ္ပါယ်​နဲ့ ပြည့်​စုံ​နေတာလဲ.."

"ငါ့အနားမှာ ငါ​မျှော်​လင့်​​နေတဲ့ ရင်​​သွေး​လေးရယ်​...ပြီး​တော့ နင်​ရယ်​ ရှိတယ်​​လေ..။ ဒါဟာ ငါ့ဘဝအတွက်​ အဓိပ္ပါယ်​ ရှိခြင်း​တွေပဲ​ပေါ့.."

Kris၏စကားအဆုံး tao ထခုန်​မိမတတ်​ ဝမ်းသားလှိုက်​ဖိုသွားရ၏ ။

သူ့ဘဝရဲ့ လိုအပ်​ချက်​​တွေထဲမှာ အရင်​ကဆို Tao ပါဝင်​ခဲ့တာမှ မဟုတ်​တာ...ခု​တော့ သူတစ်​ချိန်​က မုန်းပါတယ်​ဆိုတဲ့ Taiပါ ပါဝင်​​နေပြီဆို​တော့ ဘယ်​​လောက်​​ပျော်​ရွှင်​​ကျေနပ်​စရာ​ကောင်းလိုက်​လဲ..။

သူမဟာ ရင်​ခုန်​ ညွှတ်​နူးခြင်း​တွေနဲ့အတူ ခန္ဒာကိုယ်​တစ်​ခုလုံး ချမ်းစိမ့်​စိမ့်​ ဖြစ်​လာသလို ​ကျောထဲကစိမ်​လြာသလို အူထဲအသဲထဲက တလှပ်​လှပ်​ ခုန်​လာသလိုလိုကြီး ခံစား​နေရသည်​။

ခန္ဒာကိုယ်​ အ​တော့အသင့်​ရှိ၍ ခန့်​ညား​သော Kris wu ဆိုသည့်​ ​ယောက်ျားတစ်​​ယောက်​ဟာ Tao Zi ဆိုသည့်​ မိန်းမတစ်​​ယောက်​ကို အငြိုးကြီးစွာ လပ်​ထပ်​ယူခဲ့ပြီး အမုန်း​တွေက်ုသာ ရက်​ရက်​စက်​စက်​ ​ပေးတတ်​​သော ​ယောက်ျားတစ်​​ယောက်​ဟု ဘယ်​လိုမှ ပင်​ထင်​ရက်​စရာမရှိ​လောက်​​အောင်​ ​ kris၏ပုံစံက ပြောင်း​လဲ​နေ​သည်​။

" နင်​ မချမ်းဘုးလား tao..အ​နွေးထည်​ဝတ်​မလား ငါယူ​ပေးမယ်​.."

"ဟင့်​အင်း..မချမ်းပါဘူး မယူ​ပေးနဲ့ ရတယ်​.."

မိုး​ရေစက်​​တွေသာ ​ငေးရင်း အ​တွေး​ချော်​​နေ​သော Taoကို krisအကဲခတ်​​နေမည်​ဆိုတာ မှန်းစမိ၍ အကြည့်​ချင်းမဆုံ​စေရန်​ ပို၌တိုးလို့သာ အပြင်​သို့ ​ငေးကြည့်​​နေမိ၏ ။

Tao ၏ အနားမှာ သူ့ကို အမြဲ မြင်​ချင်​ရှိ​စေချင်​​နေတာဟာ krisကို တန်​ပြန်​အမုန်းကြီးလွန်း​သော သူမအဖို့ ဘယ်​​လောက်​ ဆန်းကျယ်​အံ့သြစရာ​ကောင်းလိုက်​လဲ..။

ဒါကိုပင်​ လိုရာပုံ​ဖေယ်​ ​ကောက်​ချက်​ချမည်​ဆိုလျင်​.....
Tao က သူ့ကို.....
အ​သေအချာပါပဲ....
TAO သူ့ကို ချစ်​မိ​နေပါပြီ။

HATE RACEWhere stories live. Discover now