ငါ့ကို ချစ်​ပါ Tao !

Start from the beginning
                                    

"ဒါဆို နင်​ ငါနဲ့ ဘာလို့ လိုက်​လာတာလဲ "

"ငါ့ရဲ့ ဂုဏ်​သိက္ခာအတွက်​ "

"ဘာရယ်​..."

လေ​ပြေ​ကြောင့်​ ​ဝေ့ဝဲ လှုပ်​ခပ်​​နေ​သော ဆံစတို့ကို သက်​တင်​ရင်း နားမလည်​​သောအကြည့်​ဖြင့်​ ဆတ်​ခနဲ လှည့်​ကြည့်​​မေးလိုက်​သည်​ ။

"ဟုတ်​တယ်​​လေ....နင်​အမြဲတမ်း sehunနဲ့ပဲသွား​နေတာ ပတ်​ဝန်းကျင်​မှာ အမြင်​မသင့်​​တော်​ဘူး​လေ ။ ငါ့အသိုင်းအဝိုင်းက မြင်​ရင်​ ဘယ်​လိုထင်​မလဲ...ငါသိက္ခာကျတာ​ပေါ့ "

Tao မျက်​မှာ ကြည်​လင်​​နေရာမှ ချက်​ချင်း ညို​မှောင်​သွား၏ ။ ဒီစကားဟာ Tao အရှိုက်​တည့်​တည့်​ကို ထိမှန်​သွားသလို....လိပ်​ပြာမလုံဖြစ်​​စေမိတာလဲ အမှန်​။

"ဒါဆို...ဒီဗိုက်​ထဲက က​လေးက နင့်​က​လေးဆိုတာကို ယုံတယ်​​ပေါ့ "

"နင့်​ကို ငါ မုန်း​ပေမယ့်​ နင့်​ကာရိုက်​တာကို ယုံတယ်​...အဲဒီ​တော့ ဒီကိုယ်​ဝန်​ဟာ ငါနဲ့ငြိတဲ့ ကိုယ်​ဝန်​​ပေါ့ "

Tao ဘာစကားမှ မဆိုဘဲ ကန်​​ရေပြင်​ကိုသာ အဓိပ္ပါယ်​ မဲ့ ​ငေး​မော​နေလိုက်​၏ ။

နောင်​တတရား​တွေက ရင်​ဘတ်​ထဲက ရင်​ခုန်​သံအ​တွေးလှိုင်း​တွေထဲမှာ ငုတ်​ချည်​​ပေါ်ချည်​နဲ့....လူကို တဒင်္ဂ​တော့ မိန်း​မော​စေသည်​မို့....။

ကိုယ့်​ရဲ့ အငြိုး​တွေက ကိုယ့်​ကိုယ်​ကို ပြန်​လည်​ အဆိပ်​သင့်​​နေပြီ ထင်​ပါရဲ့ ။

က​လေးဟူ​သော ​မျှော်​လင့်​ချက်​နဲ့ သူက tao အ​ပေါ် တစ်​ထစ်​​လျော့ပြီး ညင်​သာသွားတာက​တော့ အ​တော့်​ကို မယုံနိုင်​စရာ.....။

တကယ်​တမ်း မရိုးခဲ့တာက ကိုယ်​ကိုတိုင်​ပဲ​လေ ။ ဘယ်​​လောက်​လွဲမှားလိုက်​တဲ့ စိတ်​ရူး​စိတ်​မိုက်​လဲလို့။ သို့​​သော်​...ကံကြမ္မာက ပြင်​ဆင်​ ခွင့်​မှ မ​ပေး​တော့တာ..။

ဒီ​တော့ အလိုက်​သင့်​ ​မျောလိုက်​ရုံ​ပေါ့ ။

~~~~~~~~ HR ~~~~~~~~

"ဟင်​...များလှချည်​လား Kris "

Tao ထိုင်​​နေ​သော ဆိုဖာခုံ​ပေါ်သို့ တစ်​ပုံတစ်​ပင်​ချလိုက်​​သော ပစ္စည်းပစ္စယ​တွေ​ကြောင့်​ tao တအံတသြ ဖြင့်​ ​ပြောလိုက်​သည်​ ။

HATE RACEWhere stories live. Discover now