အမုန်းသံ​ယောဇဉ်​ကြိုး

Start from the beginning
                                    

"ကဲ..စားလို့ရပီ..လိုတာရှိ ​ပြောပါ ကျွန်​​တော်​ ထပ်​ပြင်​​ပေးမယ်​ .."

"​ကျေးဇူးပါပဲရှင်​ အရမ်းပင်​ပန်းသွားပြီ.."

ကျေးဇူးတင်​စကား​ပြောရင်း ပြင်​​ပေး​သောအစားအစာ​တွေကို အားရပါးရစားပစ်​လိုက်​သည်​ ။

စား​နေတုန်း Kris ထမင်းစားခန်းထဲဝင်​လာသည်​ ။ ပုံစံက ကား​သော့ တရမ်းရမ်းနဲ့ ဘယ်​က အ​​လေလိုက်​ပြီး ပြန်​လာလဲမှ မသိတာဟု ​တွေးရင်း အစားမပျက်​​နေလိုက်​၏ ။

ရုတ်​တရက်​ တစ်​စုံတစ်​ရာကို သတိရ၍ အားရပါးရစား​နေခြင်းကိုရပ်​သွား​စေ၏ ။ Kris ​ရှေ့မှာ အစားအ​သောက်​ မပျက်​ စား​ကောင်းသလို စားပြ၍ မဖြစ်​ ။

" Sehun ရယ်​...ရှင့်​ဟာက ကျွန်​မ ဘယ်​လိုမှ စားလို့မရပါဘူး "

Tao ပုံစံကိုကြည့်​ပြီး sehun ပါးစက်​အ​ဟောင်းသားနှင့်​အံသြ သွားရ၏။ ​စော​စောက​တော့ ​တော်​​တော်​​လေးအရသာ​တွေ့ပုံဖြင့်​ တရှူးရှူး တရှဲရှဲ စား​နေပြီး အခု Kris လည်းဝင်​လာ​ရော ဘယ်​လိုမှ စားလို့မရပါဘူးလို့​ပြော​နေပြန်​ပြီ ။ ပန်းကန်​ထဲမှာ လည်း တစ်​ဝက်​ပင်​ကျိုး​နေပြီ ယ

"Sehun ငါ ထမင်းစားမယ်​ "

လေသံခပ်​မာမာ​ပြောရင်း စားပွဲဝိုင်းမှာ kris ဝင်​ထိုင်​လိုက်​သည်​ ။

"ဟုတ်​..ဟုတ်​ကဲ့ အကို ..အခုပဲ ပြင်​လိုက်​ပါမယ်​ ။ Tao ဘာထပ်​စီစဉ်​​ပေးရမလဲ .."

တစ်​ဆက်​တည်းမှာပင်​ စိတ်​မ​ဖြောင့်​စွာဖြင့် စွာဖြင့်​ taoကိာပါ လှည့်​၍ ​မေးလိုက်​သည်​ ။

"........."
..........
...............(ပြင်းလို့နဲနဲ​ကျော်​မယ်​​နော်​..)

Kris ထမင်းကိုသာ အားရပါးရ စား​နေတာ tao ကိ တစ်​စက်​​လေးမှ ​ဝေ့မကြည့်​ ။ ထိုသို့ ​ဝေ့မကြည့်​ ဂရုမစိုက်​​လေ​လေ taoစိတ်​ထဲ ကသိက​အောင့်​ ဖြစ်​​လေ​လေပါပဲ ။ ကိုယ့်​မှာ​တော့ သူများစိတိဝင်​စားမလားဆိုပြီး ကိုယ်​စားချင်​တာ​တွေ sehunကို ​ပြောပြ​နေရတာ ဒင်းက နည်းနည်း​တောင်​ မလှုပ်​ ။ ​တွေမယ့်​..​နေနှင့်​ဦး..။

HATE RACEWhere stories live. Discover now