ကကြိုး​တွေ သွယ်​ကာရစ်​ကာ !

Start from the beginning
                                    

"ငါကလည်း နင်​နဲ့ ရန်​ ဖြစ်​ရတာ ​အော်​ဂလီဆန်​လွန်းလို့ မဖြစ်​ချင်​ပါဘူး "

လေ​ကြောကို တစ်​စက်​​လေးမှ မ​လျော့​သော tao ကို kris စိတ်​ပျက်​​သောရယ်​ချင်းမျိုးဖြင့်​ ဟတ်​ခနဲ တစ်​ချက်​ရယ်​လိုက်​ခါ ​ခေါင်းကို ခပ်​​လေး​လေးခါပြီး ​ကော်​ဖီ ကို ဂွပ်​ခနဲ ​မော့ချလိုက်​သည်​ ။

ပြီး​နောက်​ tao ကိုကြည့်​ကာ...

"​ကျေးဇူးတင်​တယ်​ အဲ့လို အလိုက်​သိ​ပေးလို့ "

ပြော​ပြေး​ပြေးသည့်​ အ​နေဖြင့်​ ခုတင်​ထက်​မှထကာ ​ရေချိုးခန်းဆီသို့ ထွက်​လာခဲ့လိုက်​သည်​ ။ ​ရေချိုးခန်းထဲမှ သွားတိုက်​ မျက်​နှာသစ်​ ​ရေကို တဝကြီးချိုးကာ ​ထွက်​လာပြီး taoအား....

"နင်​ဘယ်​သွားမလို့လဲ Tao "

"​ဆေးခန်း.."

ကိုယ့်​ကို​ကောင်း​ကောင်း ​မေး​တော့လည်း tao ​ကောင်း​ကောင်းပြန်​​ဖြေလိုက်​သည်​ ။

"ဘာဖြစ်​လို့လဲ...နင်​ ​နေမ​ကောင်းဘူးလား "

"​နေ​ကောင်းပါတယ်​.."

ခေါင်းဖြီး​နေရင်းမှ လှည့်​မကြည့်​ဘဲ ​လေသံ ခပ်​​အေး​အေးဖြင့်​ ပြန်​​ဖြေလိုက်​သည်​ ။

"ဒါဆို ​ဆေးခန်းကို ဘာသွားလုပ်​မလို့လဲ..."

စေ့​စေ့စပ်​စပ်​လိုက်​​မေး​​နေ​သော kris ​ကြောင့်​ tao ရင်​ထဲမှာ ထခုန်​မိမတတ်​ ဝမ်းသာ​နေတာ​တော့ အမှန်​ပါပဲ ။ သူမရဲ့ ​ထောင်​​ချောက်​ထဲ တိုးဝင်​လာ​နေလို့​လေ။

"ငါ ကိုယ်​ဝန်​ရ​နေလို့​လေ... ဒါ​ကြောင့်​ သားဖွားမီးယပ်​ဌာနက ဆရာဝန်​ဆီမှာ ငါ့ဗိုက်​သွားအပ်​ထားမလို့​ပေါ့ "

Tao၏ နှုတ်​ဖျားမှ အစီစဉ်​ကျန​သော စကားလုံးများ​ကြောင့်​kris ပါးစပ်​ အ​ဟောင်းသား ဖြစ်​ကာ တအံတသြ ဖြစ်​သွားသည်​ ။

" ဘာ....ဘယ်​လို...နင့်​..နင့်​မှာ ကိုယ်​ဝန်​​ရှိ​နေပြီ ဟုတ်​လား ...၊ tao...ငါ့ကို​ပြောစမ်းပါ။ "

"စကားတစ်​ခွန်းကို နှစ်​ခါပြန်​မ​ပြောတတ်​တာ ငါ့စတိုင်​မဟုတ်​ဘူး kris "

HATE RACEWhere stories live. Discover now