Tao၏ စိတ်​ပြတ်​​သော စကား​ကြောင့်​ Ohsehun မျက်​လုံးပြူးသွားရ၏ ။

"ဒါဆိုကျွန်​​တော်​တို့နှစ်​​ယောက်​ရဲ့ အဖြစ်​မှန်​ကို အကို့ကို ဖွင့်​​ပြောဖို့ မလို​တော့ဘူး​ပေါ့ "

မဝံမရဲ ​မေးလိုက်​ခြင်းဖြစ်​သည်​ ။

"မလိုဘူး...ဒါဟာ ကျွန်​မဘဝရဲလ အထူး လျှို့ဝှက်​ချက်​ပဲ ။ ကျွန်​မကို တစ်​ချိန်​လုံး အနိုင်​ယူခဲ့တဲ့ Kris ကို ကျွန်​မက ဒီနည်းနဲ့ အလဲထိုးမှာ ။ သူ့အသက်​ ​ငွေ့​ငွေ့ပဲကျန်​​တော့တဲ့ အချိန်​ကြမှ ဒီက​လေးဟာ သူ့က​လေး မဟုတ်​ဘူးဆိုတာ သိသွား​စေရမယ်​ ။"

အငြိုးကြီးလွန်း​သော Tao၏ ထိရှ​သော စကားများက ဓားသွားထက်​ပင်​ ပို၍ ​ကြောက်​စရာ​ကောင်းလွန်းလှသည်​။

"ဒီ​တော့ ရှင်​နဲ့ ကျွန်​မ ဘာမှ မပတ်​သက်​ခဲ့ဘူးလို့ပဲ သ​ဘောထားပြီး ခုပုံစံအတိုင်းဆက်​​နေသွားပါ ။ ကဲ ရှင်​သွားလို့ရပီ"

Sehun Tao ​ရှေ့မှ ​လေးပင်​​သော လှုပ်​ရှားမှုဖြင့်​ ထထွက်​လာခဲ့သည်​ ။

သူတို့နှစ်​​ယောက်​ရဲ့ မငြိမ်းချမ်း​သော ပဋိပက္ခထဲမှာ ကိုယ်​ဟာ အသုံးချခံ တစ်​​ယောက်​ ဖြစ်​မှန်းမသိ ဖြစ်​ခဲ့တာပဲ ။

သို့​သော်​ ကိုယ်​အြ​ခြေအ​နေ အဆင့်​အတန်းနဲ့ ဘာများ ​စောဒကတက်​ခွင့်​ရှိလို့လဲ ။

အ​တွေး​တွေနှင့်​အတူ taoနှင့်​စ​တွေ့ခဲ့ရတဲ့ ညတစ်​ည၏ အဖြစ်​ကို ပြန်​မြင်​​ယောင်​​နေမိသည်​ ။

ထို​နေ့က မနက်​ မိုးစင်​စင်​လင်း​တော့ Sehun နှင့်​ Tao တို့ မင်္ဂလာကုတင်​ကြီး​ပေါ်မှာ....။ အမူးလွန်​ပြီး tao ခုတင်​​ပေါ် sehun ပါ တက်​အိပ်​ခဲ့သည်​ဟု အ​ပေါ်ယံရှပ်​​တွေးခဲ့သည့်​ tao ခဗျာ အနာဂတ်​မှာ ဘာ​တွေဖြစ်​လာမလဲဆိုတု နဲနဲမှ မရိပ်​မိ ။

ထို့​ကြောင့်​ ဒီကိုယ်​ဝန်ဟာ sehun ၏ကိုယ်​ဝန်​ဟု သူမတစ်​ထစ်​ချ ယုံကြည်​လိုက်​ခြင်းပင်​ ။

Sehun သက်​ပြင်း​မောကို ​လေထုထဲ ခပ်​​လေး​လေး မှုတ်​ထုပ်​လိုက်​သည်​ ။

အားလုံးအတွက်​ ဒါ​တွေဟာ တစ်​သက်​စာအမှား မဖြစ်​ပါ​စေနဲ့လို့ပဲ ဆု​တောင်းရ​တော့မလို ။ ​လောကကြီးမှာ ကိစ္စ​တော်​​တော်​များများဟာ အ​ဖြေမရိကြတာအများသား ။

HATE RACEWhere stories live. Discover now