A Cup of Red Wine

Start bij het begin
                                    

"ဒီ….ဒီမှာ…..ဟိုလေ ကျွန်တော် ခုလိုလုပ်လို့သင့်တော်ပါ့မလား "

OH SEHUN   TAOကို မ၀ံ့မရဲ လှမ်းကြည့်ရင်း ခပ်ရွံ့ရွံ့မေးလိုက်သည် ။

"ဘာလဲ ရှင့် ကို ကျွန်မက မတော်မတရားကြံမယ် ထင်နေလို့လား "

TAOက ဖန်ခွက်ထဲ ရေခဲတုံးလေးတွေကို ညှပ်ဖြင့် ယူထည့်ရင်း ခပ်ထေ့ထေ့ မေးလိုက်သည်။

"ဟာာ……အဲဒီလို မဟုတ်ပါဘူး …မ…"

"ZI TAO ပါ "

"ဟုတ်……အဲ…မဟုတ်ပါဘူး မ ZI TAOရယ် ၊ ဒီညက မZI TAOရဲ့ မင်္ဂလာဦးညလို့ပြောထားတယ် မဟုတ်လား။ တကယ်ဖြစ်သင့်တာက မZI TAOရဲ့ အနားမှာ သတို့သားပဲရှိသင့်တာလေ ၊ မတော်လို့ သူ ဗြုန်းခနဲ ရောက်လာရင် အားလုံး အထင်လွဲစရာတွေ ဖြစ်နေမှာ စိုးလို့ပါ ။ "

"မလိုပါဘူး ။ ဒါ ကျွန်မ ကိစ္စပါ ။ အဟင်းးးးး……..သူကလည်း ခုလောက်ဆို သူ့ရဲ့အကျည်းတန်တဲ့ မင်္ဂလာဦးညကို သူ့ချစ်သူ ဒါမှမဟုတ် သူ့ရဲ့ တိတ်တိတ်ပုန်းမိန်းမတွေနဲ့ ပျော်မွေ့စွာနဲ့ ကုန်ဆုံးမှာပါ။ ဒီတော့ ရှင် ပူနေတဲ့ကိစ္စက ကွှန်မအတွက် လုံးဝ ရှော့မရှိဘူး ။ အဟင်း…ဟင်း..ဟင်း..ဒီညမှာတော့ ရှင်က ကျွန်မရဲ့ အထူးဧည့်သည်ပေါ့ ။"

TAO ၀ီစကီ ငှဲ့ထည့်ထားသော ဖန်ခွက်ကို OH SEHUN ရှေ့သို့ တိုးပေးရင်း ဆို၏ ။

ထိုနည်းတူစွာ TAOက သူ့ဖန်ခွက်ထဲမှာထည့်ထားသော ၀ိုင်နီနီတွေကို ခမ်မဲ့မဲ့ စိုက်ကြည့်ရင်း အံတစ်ချက်ကြိတ်လိုက်သည် ။

"ကဲ….ခေါက်ဆွဲနဲ့ အသားဟင်းစား ၊ ဟောဒီဝိုင်လေးကို အဖော်ပြုပြီး ကျွန်မရဲ့ ပါတီပွဲလေးကို ဆင်နွှဲကြတာပေါ့ ။ "

ပြောပြောဆိုဆိုဖြင့် OH SEHUNရှေ့သို့ အသားပန်းကန်ကို တွန်းရွှေ့ပေးရင်း ၀ိုင်နီနီ ထည့်ထားသော ဖန်ခွက်ဝိုင်းဝိုင်းလေးကို ပေါ့ပေါ့ပါးပါး ကိုင်မြှောက်ပြရင်း ဆို၏ ။

TAOပုံစံက တစ်ခုခုကို နာကျင်စွာနှင့် အရွဲ့တိုက်နေမှန်း သိသာ၏ ။

နာကျင်မုန်းတီးစိတ်တွေနှင့်အတူ ထိုညကို ဘယ်လိုပုံစံနဲ့ပဲ ကုန်ဆုံးရ ကုန်ဆုံးရ TAO ကုန်ဆုံးပစ်ချင်ပါသည်။

ထိုသို့ ဘာမသိညာမသိ ကုန်ဆုံးစေဖို့အတွက် ၀ိုင်နီ တစ်​ခွက်​​တော့ လိုမှာ​ပေါ့ ။

✈ ✈ ✈ ✈ ✈ ✈ ✈ ✈
နောက်​တစ်​ပိုင်းက + ဖြစ်​နိုင်​ပါတယ်​။ tao နဲ့ ဘယ်​သူ +​ မယ်​ဆိုတာ ခန့်​မှန်းရင်း
Vote တို့ cmmtတို့ကို ​မျှော်​​နေပါ့မယ်​။
ကွကိုယ်​လဲသိပါတယ်
ခြားKT အာသာ​တွေ​လောက်​မ​ကောင်းတာ။ but အား​ပေးမဲ့သူ ​တျောက်​ချိရင်​​တော်​ ဆက်​​ရေးမဲ့သူပါ။ မချိလဲ ​ရေးမှာပါလို့။ but နာလဲ အား​ဆေး​တော့ ​သောက်​ချင်​တာ​ပေါ့​နော်​။

Btw နာ့ exam က 14.09.2015 လို့
ခုထိစာမရ​သေးဘူး။ ရွလို့​ကောင်း​နေတာ။

နောက်​တစ်​ပိုင်း + ကို ​စာ​မေးပွဲမတိုင်​မီ တင်​​ချင်​တယလို့။ အား​ဆေးများများ​သောက်​ပြီး အားမြန်​မြနိချိရင်​ ​မြန်​မြန်​တင်​တာ​ပေါ့​နှော ။

Exam အတွက်​ဆု​တောင်း​ပေးကြပါလို့။
ဒီficအတွက​ရောပဲ

I love you all my readers !
✌ ✌ ✌ ♥ ♥ ♥
@wuyetihan

HATE RACEWaar verhalen tot leven komen. Ontdek het nu