"တက်လေ TAO ၊ KRIS ဖုန်းဆက်ပြောလို့ နင့်ကိုလာခေါ်တာ"

အဖြူရောင် ဂျစ်ပေါ်မှ KRIS၏ သူငယ်ချင်း lAY ၏အမူအရာက လှောင်ရိပ်စွန်းနေသော အမူအရာမျိုး။

"ဒီကောင် လူမဆန်တဲ့ အလုပ်ကိုလုပ်သွားတာလေ ဟွန်း ။ ဒင်းကစပြီးစိန်ခေါ်နေမှတော့ ငါ့ဘက်ကလည်း ပြန်တိုက်ရတော့မှာပေါ့"

မကျေမနပ်ဖြင့် မြည်တွန်တောက်တီးပြီး ဆင်စွယ်ရောင် သတို့သမီးဂါဝန်လေးကိုမကာ အနီရောင် ဂျစ်ကားလေးပေါ်သို့ လှမ်းတက်လိုက်သည်။

ZI ATOကားပေါ်သို့ တက်လိုက်သည်နှင့် LAY လည်း လက်မှနာရီကို ငုံ့ကြည့်လိုက်သည် ။

"၆နာရီတောင် ထိုးတော့မှာပဲ ။ ငါသာလာမခေါ်ရင် နင် ဒီအတိုင်းဆက်ရပ်နေမှာလား TAO "

"’ဒါနင့်အလုပ်မဟုတ်ပါဘူး ။ ငါ့ကိစ္စပါ "

KRIS WU အပေါ်မကျေနပ်သမျှ ဒေါသတွေ LAY အပေါ်ပုံကျသွားသည်။

သို့သော် ဘယ်လောက်ပဲပုံကျကျ LAY ကမမှု ၊ရှိရင်းစွဲပါးချိုင့်လေး ပေါ်အောင်ပြုံးဖြဲဖြဲလုပ်ရင်းသာ ကားစက်နှိုးလိုက်သည် ။

"ဒါနဲ့ ဒီကောင်ကဘယ်ကိုအရေးတကြီးသွားစရာရှိလို့ နင့်ကို လမ်းလယ်ခေါင်မှာ တစ်ယောင်တည်းထားခဲ့ရတာလဲ ။"

ထိုမေးခွန်းကို TAo မဖြေချင်။

သို့သော်မဖြေ၍မရ။

ဒါမှ သူ့ရဲ့ယုတ်မာပက်စက်တဲ့လုပ်ရပ်ကို သူ့အသိုင်းအ၀ိုင်းကသိမှာ ။

"သူ့ အရှုပ်ထုပ်တွေထဲက တစ်ယောက် ဖုန်းဆက်လို့ ခုချက်ချင်း အရေးတကြီးသွားရမယ်ဆိုပြီး ငါ့ကို ကားပေါ်က ဇွတ်အတင်း ဆင်းခိုင်းတယ်လေ။"

"ဟာာ ဒီကောင်တော့ ဇွတ်ပဲကွာ"

LAY ခပ်တိုးတိုး ညည်းတွားလိုက်သည်။

ပြီးနောက် TAO ကို လှည့်ကြည့်ရင်း အကဲခပ်လိုက်ပြီး  

"ဒါနဲ့ သူ့ အရှုပ်ထုပ်တွေထဲက တစ်ယောက်ဆိုတာ ဘာက်ုပြောတာလဲ TAO "

LAY အမေးကြောင့် TAO မျက်စောင်းတစ်ချက်လှမ်းထိုးရင်း

"ငါ့ကို တမင်၇ွဲ့မေးနေတာလား LAY ၊ ဒါမှမဟုတ် ငါ့ပါးစပ်ကပြောမယ့်နင့်သူငယ်ချင်းအကြောင်းကို နင် အရသာရှိရှိ နားထောင်ချင်လို့လား ။"

HATE RACEWhere stories live. Discover now