Unicode
" ဒါလေးစားလေ Hyung ကြိုက်တယ်မလား "
" အင်း မင်းရော ဒါလေးစားကြည့် "
ထမင်းစားပွဲအလယ်မှာနေရာယူရင်း သူ့ရဲ့ဘေးတစ်ဖက်က အတူတူထိုင်ကာ သင့်မြတ်နေကြတဲ့ နှစ်ယောက်ကို ကြည့်ရင်း ဉက္ကဌကြီး Jeon မှာ ကြည်နူးရသည် အခုလို ညီအစ်ကိုသင့်မြတ်နေတာ ဘယ်လောက်တောင် ကောင်းလိုက်လေသလဲ
" Jung Kook... ငါလမ်းမှာ Store တစ်ခုဝင်စရာရှိတယ် သွားရင် ခဏရပ်ပေးဉီး "
" Hyung က ဘာဝယ်စရာရှိလို့လဲ "
" ရေခဲမုန့် "
" အင်း ရပ်ပေးမယ် "
တွေးနေရင်းမှမဆုံးသေး နှစ်ယောက်သား စားလို့ပြီးသွားပြီမို့ ပြိုင်တူထကာ သူ့ကို နှုတ်ဆက်ပြီး ထွက်သွားကြလေသည်
အင်း.....ဒီကလေးနှစ်ယောက်နှယ် တည့်ပြန်တော့လည်း ချက်ချင်းပါလား
" သူတို့နှစ်ယောက် အခုတလော အရမ်းတည့်နေကြတယ် "
ဉက္ကဌကြီးရဲ့ ကော်ဖီခွက်ထဲအား ကော်ဖီများ ထပ်ထည့်ပေးနေသော အိမ်တော်ထိန်း Yun မှာ ထိုစကားကြောင့် ပြုံးရိပ်သန်းလိုက်သည်
" အရင်ကဆို Jung Kook က Taehyung ဆို ရှိတယ်လို့ကိုမထင်တာ အခုကျတော့လည်း သူ့အကိုကို ဂရုစိုက်နေလိုက်တာ..... "
ဉက္ကဌကြီးမှ ကော်ဖီခွက်ကိုယူကာသောက်လိုက်ရင်း သဘောတကျပြောလာလျှင် အိမ်တော်ထိန်း Yun ကတော့ အရာအားလုံးကို သိနေဟန်ဖြင့် ထောက်ခံသလို ခေါင်းငြိမ့်ပြသည်
ခေတ်ရေစီးကြောင်းကိုနောကျေနေတဲ့ ဉက္ကဌကြီးက အဲ့ကလေးနှစ်ယောက်သဘောကျနေတာသိသွားရင်လည်း ခွင့်ပြုပေးမှာပါပဲ အဓိကက သူတို့လေးနှစ်ယောက်ပျော်နေတာကို တွေ့ရဖို့ပဲမဟုတ်ပါလား
" မြန်မြန်လာလေ စားချင်နေပါပြီဆိုနေမှ "
လမ်းမှာ ဆိုင်တွေ့ရင် ရပ်ပေးလို့ ပြောခဲ့ပေမယ့် Jung Kook က ဆိုင်ကယ်ရပ်ပေးလာချိန်တွင် Taehyung မှ ဆိုင်ကယ်ပေါ်ကမဆင်းသည့်အပြင် Jung Kook သွားပြီး ဝယ်တာကိုသာ အလိုက်သင့်လေး စောင့်နေသည်
" ဘာလို့မင်းဖို့မဝယ်ခဲ့တာလဲ "
" မနက်ခင်းစောစောစီးစီး အရူးပဲ ရေခဲမုန့်စားမှာ "
YOU ARE READING
Reborn as my created character