Part 7

531 41 9
                                        

Unicode

ထမင်းစားဝိုင်းကို ရောက်တော့ ငွေထုတ်စက်ဖေဖေ
ဘေးက ခုံတစ်ခုမှာ Taehyung ဝင်ထိုင်လိုက်သည်

သားအဖအရင်းဟုထင်ရလောက်အောင်ပင် တစ်ယောက်နဲ့တစ်ယောက် စကားပြောရင်းရယ်မောနေကြသည်မှာ ပေါ့ပေါးပါးပါး....
ထိုသို့ Taehyung ရဲ့ပျော်ရွှင်ရယ်မောနေခြင်းအခိုက်အတန့်က သားအရင်းဆိုတဲ့ ပေတိပေစုတ်ကောင် ထိုထမင်းဝိုင်းကို ဝင်မ Join ခင်အထိ

မှင်သေသေအခွက်နဲ့ကောင်က Taehyung ကိုလည်း တွေ့ရော အလိုမကျမှုတွေက မျက်နှာမှာ အထင်းသားဖြစ်သွားသေးတာ
မဟုတ်ရင် သူမကျေနပ်တာတစ်ခုခုပဲ လုပ်ထားသလိုလို သူ့ဆီကနေကိုယ်ကပဲ တစ်ခုခုကို လုယူထားသလိုလို.......
အဟမ်း Bora လေးကတော့ သူ့အပိုင်မှမဟုတ်တာ အဲ့တော့ Taehyung လုတာမှမဟုတ်တာ ပြီးတော့ Taehyung နဲ့ ထိုမိန်းကလေးငြိခဲ့ရင်တောင် ဒင်းဆီကလုတာလို့ပြောမရ အဲ့ကောင်မှ Bora လေးနဲ့မသိသေးတဲ့ဉစ္စာ

" Jung Kook ဒီနှစ် မွေးနေ့ပွဲလည်း ဒယ်ဒီ့ ဟိုတယ်မှာပဲ လုပ်မှာမလား "

" ဒယ်ဒီအဆင်ပြေသလို လုပ်ပါ "

" Taehyung ကရော သားညီလေး Jung Kookie အတွက် ဘာလက်ဆောင်ပေးဖို့စိတ်ကူးထားလဲ "

" ဗျာ "

ရုတ်တရက်သူတို့စကားဝိုင်းက ကိုယ့်ဆီဒိုင်းခနဲရောက်လာလျှင် Taehyung မှာ ကြောင်တောင်တောင်ဖြစ်သွားရသည်

ဇာတ်ဆောင် Taehyung ဖွင့်ပြောပြီး တစ်လအကြာ Jung Kook ရဲ့ မွေးနေ့ကရောက်လာခဲ့သည်
Jung Kook အဖေရဲ့ ဟိုတယ်ကြီးတစ်ခုမှာ ကျင်းပခဲ့တဲ့မွေးနေ့ပွဲမှာ Jung Kook က သူလက်ရှိတွဲနေသည့် Bora နဲ့ ပွဲတက်ခဲ့သည်
သံယောဇဉ်ကြီးလွန်းသည့် Taehyung မှာ Jung Kook အတွက် ကိုယ်တိုင်အပင်ပန်းခံထိုးထားသည့် သိုးမွှေးဆွယ်တာလေးကို သပ်သပ်ရပ်ရပ်ထုပ်ပိုးကာ ပေးခဲ့ပေမယ့် လက်ဆောင်ထုပ်ကိုဖွင့်ပင်မဖောက်ကြည့်ခဲ့ဘဲ Taehyung ရှေ့မှာပင် သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ကို ပေးပစ်ခဲ့သည်

ချစ်ခြင်းမေတ္တာများကို တန်ဖိုးထားမခံရသည့် Taehyung မှာတော့ ထိုပွဲမှ ပုန်းလျှိုးကွယ်လျှိုးထွက်သွားခဲ့ရကာ သန့်စင်ခန်းထဲတွင် ကြိတ်ငိုခဲ့ရသည်
ထိုစဉ် Jeon Jung Kook ကတော့ သူငယ်ချင်းတွေနဲ့ပျော်ပါးနေခဲ့ကာ Taehyung ကိုလုံးဝအာရုံရမနေခဲ့ပေ........

Reborn as my created characterOnde histórias criam vida. Descubra agora