Part 11

538 41 8
                                        

Unicode

" Taehyung "

နားထဲတွင် နှစ်လိုဖွယ်အသံလေးတစ်ခုက မိမိနာမည်ကို ခေါ်နေတာမို့ နောက်ကို လည်ပြန်လှည့်ကြည့်လိုက်တော့ စိတ်လိုလက်ရ ပြုံးပြနေတဲ့ Bogum Hyung

" Hyung ကဘယ်လိုလုပ်ပြီး ကျွန်တော်တို့ အတန်းရှေ့ရောက်နေတာလဲ "

" ကိုယ်က Taehyung ကို လာတွေ့တာ "

" Taehyung Ah! ငါတို့ အတန်းထဲ အရင်ဝင်နှင့်မယ် "

" အော....ဝင်နှင့်ကြ "

Min Woo တို့က သူနဲ့ Bogum Hyung ကို ကြည့်ကည ပြုံးစစဖြစ်နေတဲ့ ငါးခူရုပ်ကြီးတွေလုပ်ပြီး
ဝင်သွားသည်နှင့် လည်ဂုတ်ကို ပွတ်နေသော Bogum Hyung ဆီအကြည့်ရောက်သည်
သူ့ကို ကြည့်ရတာ တစ်ခုခုကိုပြောချင်နေသလိုပဲ
မဟုတ်မှ......ရည်းစားစကားလား....မဖြစ်သေးဘူးလေ.... ဘယ်လိုပဲ ဒီဇာတ်ကောင်ဟာ Taehyung ကို ကြိုက်သည်ပြောပြော သူတို့တွေ့ဖူးတာမှ အကြိမ်ရေအနည်းငယ်သာရှိဉီးမည်လေ

" ဟို ညနေကျရင် အကို့ဉီးလေးဆိုင်မှာ သူငယ်ချင်းတွေကို လိုက်ကျွေးမလို့ လုပ်ထားတာ သူတို့က မအားဘူးဆိုတော့... Taehyung တို့များ လိုက်ချင်မလားလို့ပါ "

မထင်ထားတဲ့စကားမို့ အံ့ဩသွားရသလို လိုက်ကျွေးမည်ဆိုသောစကားကြောင့်ပျော်ရွှင်သွားရသည် ဘယ်ဘဝရောက်ရောက် အလကားရရင် လိုချင်တာက လူ့သဘာဝပဲမဟုတ်လား

" ဝိုးးရတာပေါ့...ဟီးဟီး အလကားစားရတာပဲ မလိုက်ဘဲနေမလား....ပြီးတော့ကျွန်တော်တို့တွေကလည်း အားယားနေတာပဲကို ဟီးဟီး "

ဟန်ဆောင်မှုကင်းစွာ ပြုံးပျော်သွားသော ကောင်လေးအား Bogum ကြည့်လျက် ရင်ဘတ်ထဲမှအနည်းငယ်လှုပ်ခတ်သွားရသည်.........
ဒီကောင်လေးက သူမြင်ဖူးသမျှလူတွေနဲ့ ကွဲထွက်လွန်းသည် ရိုးရိုးရှင်းရှင်းလေးနဲ့ ပျော်ပျော်နေတတ်တဲ့ကောင်လေးမှန်း သိသာသည်
ထို့ကြောင့် Bogum သူနဲ့ ဒီထက်ပို၍ရင်းနှီးချင်သည်

" ဒါဆို ကိုယ်ကျောင်းဆင်းရင် ကျောင်းရှေ့မှာ စောင့်နေမယ်နော် "

" ဟုတ် ဒါဆို ညနေမှတွေ့မယ်နော် Hyung "

ထွက်သွားတဲ့ သူကို လက်ပြရင်း နှုတ်ဆက်နေတဲ့ လေးထောင့်ဆန်ဆန်အပြုံးပိုင်ရှင်ကောင်လေးရှိနေသလို ထိုကောင်လေးကို မလှမ်းမကမ်းကနေ ကြည့်နေတဲ့ ကောင်လေးတစ်ယောက်လည်း ရှိနေသည်

Reborn as my created characterWhere stories live. Discover now