Unicode
နေ့လယ်စာစားချိန် ကျောင်းကန်တင်းတွင် ကျောင်းသားကျောင်းသူအများအပြား ရှိနေလျက်
Taehyung တို့အုပ်စုလည်း အပါအဝင်ဖြစ်သည်
စကားသံတွေ ပွစိပွစိနဲ့ လှုပ်လှုပ်ရှားရှားဖြစ်နေသော ကန်တင်းအတွင်း တမုဟုတ်ချင်းဆိုသလို ရပ်တန့်သွားကာ ဝင်လာသောအုပ်စုကိုသာ ကြည့်နေကြသည်
Jung Kook တို့အုပ်စုဝင်လာချိန် Jung Kook တို့လမ်းကြောင်းရှိ လူအုပ်များက ရှဲခနဲ ရှဲခနဲ ဖယ်ပေးလိုက်ကြသည်မို့ Jung Kook တို့မှာ သွားလိုရာသို့ ဖြောင့်ဖြောင့်တန်းတန်း
Taehyung ကတော့ Jung Kook ရောက်လာခြင်းအပေါ်ဘာတုံ့ပြန်မှုမှမရှိဘဲ အေးအေးလူလူသာ နေရာတွင် ရှိနေသည် Jung Kook တို့အုပ်စုက Taehyung တို့ဝိုင်းဆီ ဉီးတည်လာလေတော့ Taehyung သူငယ်ချင်းနှစ်ယောက်ကတော့ ရင်တမမဖြစ်နေလေပြီ
Jung Kook က Taehyung ရဲ့မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး သူ့သူငယ်ချင်းများကလည်း Jung Kook ရဲ့ ဘေးတစ်ဖက်တစ်ချက်စီတွင် နေရာဝင်ယူကြလေသည်
လက်ထဲမှ ယူလာခဲ့တဲ့ အိတ်အား စားပွဲပေါ်တင်လိုက်ကာ အထုတ်ကိုဖြည်နေသည် သူ့သူငယ်ချင်းတွေကလည်း သူတို့သယ်လာတဲ့ အထုတ်တွေကို ချပြီးသည်နှင့် နေ့လည်စာသွားယူကြသည်
Taehyung ကတော့ Jung Kook အလျင်အမြန် ဖွင့်ဖောက်နေတဲ့ အိတ်တွေထံမှာသာ အစားမပျက် ငေးနေသည်
Jung Kook သယ်လာခဲ့တဲ့ အိတ်ထဲမှာတော့ စတော်ဘယ်ရီကိတ်တွေနှင့် စတော်ဘယ်ရီနို့ဘူးများ ရှိနေပြီး သူ့သူငယ်ချင်းတွေသယ်လာတဲ့ အိတ်တွေထဲမှာတော့ ပီဇာချပ်တွေ ကြက်ကြော်တွေနှင့် ကိုလာဘူးတွေ ပါလာတာဖြစ်သည်
စားပွဲအပြည့်ဖြစ်သွားသော စားစရာတွေကို ကြည့်ပြီး Taehyung သဘောတကျ ပြုံးကာ တပ်ထားတဲ့မျက်မှန်ငွေရောင်လေးအား တစ်ချက်ပင့်တင်လိုက်သည်
" Hyung စားချင်တဲ့ဟာတွေ ကျွန်တော်ဝယ်လာခဲ့တယ် "
မျက်စိရှေ့မြင်နေရသော ပုံရိပ်ကိုကြည့်ရင်း Seok Jae နဲ့ Min Woo မှာ အရင်က လူဆိုးကောင် Jeon Jung Kook နေရာများလဲခံလိုက်ရသလားဟုပင် အတွေးဝင်မိကြသည်အထိ.......အခေါ်အဝေါ်တွေ အချိုးတွေကအစ ပြောင်းလဲသွားအောင် သူတို့သူငယ်ချင်း Taehyung က ဘယ်လိုများ စွမ်းဆောင်ပစ်လိုက်တာလဲ
YOU ARE READING
Reborn as my created character