Unicode
နိုးလာသည်နှင့် စိမ်းသက်နေသော လေထု၏ အငွေ့အသက်
" Taehyung နိုးလာပြီပဲ "
မိမိဘေးမှာရှိနေသော သူငယ်ချင်းနှစ်ယောက်ကြောင့် Taehyung လှဲနေရာမှ ထထိုင်လိုက်သည်
" ငါဘယ်ရောက်နေတာလဲ "
" ကျောင်းဆေးခန်းမှာလေ "
" ဘယ်လိုလုပ်ပြီး ငါက... "
စိတ်ရှုပ်ထွေးစွာ Taehyung မေးမိသည် ဟိုကောင်တွေ ပို့လိုက်တဲ့ အခန်းထဲရောက်ပြီး ခဏအကြာ အိပ်ပျော်သွားခဲ့သည်အထိသာ မှတ်မိတော့သည်မို့ အခုဘယ်လိုလုပ်ပြီး ဒီကိုရောက်လာရမှန်းလည်း မသိတော့
ထို့အပြင် မိမိကိုယ်ပေါ်တွင်ရှိနေသော ကျောင်းအင်္ကျီမှာလည်း မိမိဟာမဟုတ်မှန်းသတိထားမိသောအခါ ထူးဆန်းနေသည်ကိုခံစားလိုက်ရသည်
" ငါတို့က ပွဲပြီးတော့ မင်းကိုမတွေ့တော့လို့ လိုက်ရှာနေတာ မင်းကကျောင်းဆေးခန်းရောက်နေတာပဲ "
" ဧကန္တ မင်းဘယ်လိုရောက်လာတာလဲ မမှတ်မိတာလား Taehyung "
တွေးဆဆဖြစ်နေသော သူငယ်ချင်းများကို Taehyung ကြုံခဲ့ရသော ဖြစ်ကြောင်းကုန်စင်အားပြောပြလိုက်သည်
သူတို့ကလည်း အငမ်းလွန်နေ၍ ပွဲပြီးမှသာ Taehyung ပျောက်နေမှန်းသိပြီး လိုက်ရှာခဲ့ကြသည်တဲ့လေ ခုနလေးတင်မှ ကျောင်းဆေးခန်းမှာ လှဲအိပ်နေတဲ့ Taehyung ကိုတွေ့တာတဲ့လေ
ထို့ကြောင့် သူတို့သုံးယောက် ကျောင်းဆေးခန်းက ဆရာဝန်ကိုမေးကြည့်တော့ ကောင်လေးတစ်ယောက်က Taehyung ကို ချီပြီးပို့ပေးခဲ့သည်တဲ့လေ ပြီးတော့ Taehyung ကို ဆရာဝန်က စစ်ဆေးပြီး ဆေးထည့်လို့ပြီးစီးမှ သူ့သူငယ်ချင်းတွေမလာခင်လောက်က ထွက်သွားနှင့်ခဲ့တာတဲ့လေ ဒါဆို Taehyung ကိုဝတ်ပေးခဲ့တဲ့ အင်္ကျီဟာလည်း သူ့ရဲ့အင်္ကျီပင်ဖြစ်ပါလိမ့်မည်
သူဘယ်သူမှန်း Taehyung မသိပေမယ့် နောက်တစ်ခါတွေ့ရင်တော့ Taehyung သူ့ကို ကျေးဇူးတင်ချင်ပါသည်
" Taehyung ရယ် ငါတိုမှာ မင်းမနိုးလာတော့ဘူးထင်ပြီး လန့်သွားတာ အီး...ဟီး "
" မင်းသာ တစ်ခုခုဖြစ်သွားရင် ငါတို့ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး "
KAMU SEDANG MEMBACA
Reborn as my created character