Part 1

1.2K 49 10
                                        

Unicode

Victory Tae ဆိုတဲ့ကလောင်နာမည်နဲ့ BL ဝတ္ထုလောကမှာ အမြဲထိပ်ဆုံးကရပ်တည်နေတဲ့ စာရေးဆရာတစ်ဉီး
သူကလည်း သူရဲ့ ကိုယ်ပိုင် creation လေးတွေကို ပုံမှန်နဲ့မတူဘဲကွဲထွက်နိုင်အောင် ရေးလွန်းနိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတာဖြစ်သည်




အခြား BL ဝတ္ထုတွေနဲ့မတူတဲ့ သူ့ရဲ့ BL ဝတ္ထုတွေဟာ ဘာလို့ တမူထူးခြားနေရသလဲဆိုရင် သူဟာ Uke ရဲ့ character ကို ဘယ်တော့မှ weak ဖြစ်အောင် မဖန်တီး
Seme က တစ်ခွန်းဆို Uke က နှစ်ခွန်းလောက်အနည်းဆုံးပြန်ခံပက်တတ်သည်
သူ့ရဲ့ ဝတ္ထုများတွင်လည်း ဇာတ်လမ်းအစကနေ အဆုံးအထိကို Seme က Uke နှိမ့်စက်သမျှကို လှိမ့်နေအောင် ခံသွားရတာမျိုးတွေ......

အိပ်ရာပေါ်မှသာ ဉီးဆောင်ခွင့်ရကြတဲ့ သူဖန်တီးထားသော အထက်ပုဂ္ဂိုလ်များက အပြင်မှာသာ တကယ့်သက်ရှိထင်ရှားရှိနေကြသည်ဆိုလျှင် သူ့ကို ဝိုင်းဆဲကြမလားပဲ
သူ ( စာရေးသူအချောလေး) ကလည်း BL တော်တော်များများတိုင်းမှာ အောက်ပုဂ္ဂိုလ်ဆိုတိုင်းဉီးဆောင်ခံစရာမလို ဆိုတဲ့ ဝါဒီကို လက်က်ိုင်ထားကာ ရေးတာမို့ သူ့ဝတ္ထုတော်တော်များများသည် Seme weak တဲ့ ဘက်ပင် သွားသည်



သို့ပေမယ့် သူနဲ့စာချုပ်ချုပ်ထားတဲ့ ထုတ်လုပ်ရေးကုမ္ပဏီဘက်က သူ့ကို ကမ်းလှမ်းလာခဲ့သည်မှာ သူပုံမှန်ရေးနေကျတွေလိုမဟုတ်ဘဲ Uke weak တဲ့ဝတ္ထုတွေကို ရေးပေးရန်တဲ့လေ



ထပ်ပြီး တောင်းဆိုလာတဲ့အချက်က သူ့ရဲ့ဝတ္ထုတော်တော်များများက Seme weak တဲ့ဘက်ကို အလွန်အမင်းရေးထားတာကြောင့် Seme ရဲ့ mommy များက သူ့ရဲ့ antifan များပင်ဖြစ်လာကြလေသည် ထို့ကြောင့် သူ့ရဲ့ Hater များ လျော့သွားစေရန်လည်းကောင်း သူ့အပေါ် အမြင်ကြည်လာကြစေရန်လည်းကောင်း အဲ့ Uke weak မယ့် ဝတ္ထုမှာ Uke ရဲ့ နာမည်ကို သူ့ရဲ့နာမည်အရင်းဖြစ်တဲ့ Kim Taehyung လို့ ရေးပေးပါတဲ့လေ

ဘယ်တုန်းကမှ အဲ့လိုရေးဖို့ စိတ်ကူးမကြည့်ခဲ့ပေမယ့် အသစ်အဆန်းတွေရေးချင်တဲ့ စိတ်ကြောင့် သူလက်ခံလိုက်သည် Uke strong ဝါဒီက်ုလက်ခံထားပေမယ့် သူ့ရဲ့အမာခံပရိသတ်များကို မတူညီတဲ့ taste လေး ခံစားကြည့်စေချင်တာကြောင့် သူပထမဉီးဆုံး Uke weak တဲ့ ဝတ္ထုလေးတစ်ပုဒ်ကို ဖန်တီးခဲ့လေသည်

Reborn as my created characterWhere stories live. Discover now