Unicode
" ခုနက အဲ့ Kim Taehyung တမင်လုပ်သွားတာမလား!! "
" ငါတို့လည်း မသိဘူးလေ "
" တောက်!! ရာရာစစ သူကများ ငါ့ကိုနမ်း..ဟာကွာ တောက်!! "
စားပွဲခုံကို ခြေထောက်ဖြင့် ကြမ်းတမ်းစွာကန်ကျောက်လိုက်ရင်း ဒေါသတကြီးပြောဆိုနေသော သူငယ်ချင်းဖြစ်သူကို ကြည့်ကာ Eunwoo တို့တစ်သိုက်မှာလည်း မျက်စိနောက်လာလေသည်
" ဒါပေမယ့် မင်းပြောထားသလိုပဲ အရင်ကနဲ့ လုံးဝကို ပုံစံမတူတော့တာနော် "
" အေး ငါဆို အံ့တောင်ဩသွားတယ် ရုတ်တရက်ကြီး ဒီလောက်ပြောင်းလဲသွားတာကျ "
" အရင်ကဆို မင်းနှိပ်စက်သမျှ ခံနေတဲ့ကောင်က အခုကျတော့ မင်းကို တစ်ခွန်းမကျန်ပြန်ပြော.. "
တစ်ယောက်တစ်ပေါက်စီ Kim Taehyung ကို ထင်မြင်ချက်ပေးနေကြတုန်း Jung Kook ဆီမှ အကြည့်စူးစူးတို့က ဒေါသအဖြစ်ရောက်လာလျှင် သူတို့မှာ မီးလောင်ရာလေထပ်မပင့်ကြတော့
မီဒီယာသူငယ်ချင်းများကို အပေါက်ပိတ်သွားအောင်
Jung Kook ဖြေရှင်းလိုက်သောစကား
" အဲ့ Kim Taehyung က ငါ သူ့ကို ပြန်မကြိုက်လို့ ဒီလိုတွေ လုပ်နေတာ "
Jung Kook ဒေါသတွေထွက်ကာ ရူးရူးရှားရှားဖြစ်နေတဲ့အချိန် Taehyung မှာတော့ Jung Kook ကို မျက်နှာချင်းမဆိုင်ရဲ၍ ကျောင်းဆင်းဆင်းချင်း Minwoo အိမ်မှာအဝတ်အစားလဲကာ သူငယ်ချင်းတွေရဲ့အဆွယ်ကောင်းမှုကြောင့် ဘားကိုလည်း ရောက်ခဲ့ရလေသည်
အရင်ဘဝနဲ့အခုဘဝက အသက်ကွာခြားမှုမရှိတာမို့ ဒီလို ဘားကိုလာရတဲ့အရသာကတော့ ဘယ်လိုမှ ပြောမပြတတ်အောင်ပျော်စရာကောင်းသည်
အရင်ဘဝက Victory Tae ဖြစ်နေတဲ့အချိန်ကလွဲ ကျန်တဲ့အချိန်တွေမှာ သူဟာ စာရေးဆရာမဟုတ်ဘဲ သာမန် Kim Taehyung ဆိုတဲ့လူတစ်ယောက်အဖြစ်နေခဲ့သည် ဘားတွေဘာတွေဆိုတာလည်း သူငယ်ချင်းတွေနဲ့ တစ်လတစ်ခါတော့သွားဖြစ်သည်
ဒါပေမယ့် အခုဘဝမှာ သွားရတဲ့ဘားက အရင်ဘဝကထက် အဆပေါင်းများစွာ သာလွန်နေတာ
အစက ဘားကိုမသွားချင်သလိုလို သူငယ်ချင်းတွေခေါ်လို့ လိုက်လာရသလိုနဲ့ ညဆယ့်နှစ်နာရီလောက်မှ ပြန်လာခဲ့တဲ့ Taehyung သည် Seok Jae ရဲ့ ကားနဲ့ပဲ ခြံရှေ့ကိုရောက်လာခဲ့သည် ထို့နောက် လူမသိသူမသိဘဲ အထဲကိုဝင်ရန်ကြိုးစားရပါသည်
أنت تقرأ
Reborn as my created character