Part 15

547 41 37
                                        

Unicode

" မင်းကဘယ်လိုလုပ်ပြီး ဒီကို "

Taehyung ကြောင်နေရင်းနဲ့ပဲ တိုးလျလျအသံပြုလိုက်တော့ Jeon Jung Kook က နှုတ်ခမ်းတွန့်ရုံတစ်ချက်ပြုံးသည်
ဘာမှမပြောဘဲ Taehyung ထိုင်နေသည့် sun lounger ပေါ် သူကပါ ဘေးကိုဝင်တိုးထိုင်သည်

" မင်း! ဘာလို့ ငါ့နားလာထိုင်နေတာလဲ! ထွက်သွား!! "

ဘေးကကောင်ရဲ့ပုခုံးတစ်ဖက်ကို Taehyung လက်တွေနဲ့ အတင်းတွန်းကာ နီးကပ်လာမည့်အနေအထားကို ရှောင်ရှားနေသည်

သို့ပေမယ့် သူ့ပုခုံးတစ်ဖက်ကို အတင်းထုရိုက်နေသော Taehyung လက်တွေကို သူက ရုတ်တရက်ဆွဲချုပ်ကာ လက်ကတစ်ဆင့် ဆောင့်ဆွဲလိုက်တာမို့ Taehyung ခန္ဓာကိုယ်လေးမှာ သူ့ရှေ့ကို လျှောခနဲတိုးရောက်သွားသည်

" ဟေ့ကောင်! ငါ့ကို လွှတ်စမ်း! မင်း!! "

" ကျစ်! ငါ့အဖေပိုင်တဲ့ Hotel မို့ ငါလာတာ..ဘာလဲ လာလို့မရဘူးလား "

Taehyung ရဲ့အလိုမကျတဲ့အကြည့်တွေကို ဖြေရှင်းလိုက်သလိုလိုနှင့် စကားကို အေးအေးဆေးဆေးပြောလာတဲ့ဒင်းက သေချာပေါက်သူ့အတွက်တော့ ယုံစရာကောင်းမနေ

ဆက်ပြောနေလည်းထူးတော့မှာမဟုတ်လို့ သူ့ကို မျက်စောင်းခဲလျက် တစ်ချက်ကြည့်ကာ ထိုနေရာမှခပ်လှမ်းလှမ်းကို ထသွားလိုက်သည်
လက်ထဲက ဖုန်းကို ကျစ်ကျစ်ပါအောင်ကိုင်ထားရင်း ဖုန်းထဲက အော်ပရေတာအသံကိုနားစွင့်နေပေမယ့် စက်ပိတ်ထားသည်ဟူသော အသံကိုသာ ထပ်တလဲလဲ ကြားနေရသည်

ထူးဆန်းသလို ဖြစ်သွားမိချင်းမှာပဲ ဘာကိုမှအတွေးမရောက်နိုင်ခင် သူ့ရဲ့ ခန္ဓာကိုယ်က လေပေါ်မှာမြှောက်ပင့်ခံလိုက်ရသလို ခံစားလိုက်ရအပြီးမှာပဲ တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲ ပွေ့ခံထားရလျက်ရောက်သွားလျှင် ဘယ်သူမှန်းမော့ကြည့်ဖို့မလို

ရုန်းကန်နေသော Taehyung ကို မသိချင်ယောင်ဆောင်ကာ ခုနက sun lounger ပေါ်ပြန်ချပေးလာသည့်အပြင် Taehyung ဘာမှ မလုပ်နိုင်သေးခင်မှာဘဲ သူကပါ Taehyung ရှေ့ဝင်ထိုင်ပြီး ဇိုးခနဲဇတ်ခနဲ Taehyung ရဲ့ ခြေထောက်တစ်ဖက်ကို သူ့ပေါင်ပေါ် တင်လိုက်သည်

Reborn as my created characterWhere stories live. Discover now