Unicode
" ဒီတစ်ပတ်ပိတ်ရက်ပေါ့ !!ဟုတ်လား Hyung "
" အင်း Taehyung ဒီတစ်ပတ်ပိတ်ရက်ထဲလေ "
Bogum Hyung က ဟိုတစ်နေ့က အတူတူမုန့်သွားစားဖို့ကိစ္စတုန်းက မသွားနိုင်ခဲ့၍ Taehyung ကို ဒီတစ်ပတ်ပိတ်ရက် သူ့ဉီးလေးစားသောက်ဆိုင်ကို ထပ်ခေါ်ခြင်းပင်
" လိုက်ရမှာပေါ့ ဘယ်ချိန်သွားမှာလဲ Hyung က "
" ဉီးလေးဆိုင်ကိုက နေ့လယ်စောင်းခါနီးမှသွားမှာ ဒါပေမယ့် မနက် ကိုးနာရီလောက်ကတည်းက သွားမှရမှာ "
လည်ဂုတ်ကို လက်တစ်ဖက်ဖြင့်ပွတ်ရင်း ပြောနေသော Hyung သည် တစ်ခုခုကို ပြောရခက်နေပုံ
" Hyung တို့မနက်ခင်း ရေဆော့ရအောင်လို့ ဟိုတယ် ရေကူးကန်တစ်ခုမှာ ငှားထားတယ် "
Omo!! ဒီ scene က ဘာလဲဟ မူရင်းမှာ အဲ့ Bogum Hyung က Taehyung ကို အပြင်ခေါ်ဒိတ်တဲ့ အခန်းမျိုး လုံးဝရှိမနေခဲ့ပါ
သို့ပေမယ့် Taehyung ကတော့ ဘာမှဖြစ်မနေပါ ဒီတိုင်း Taehyung အတွက် အကိုတစ်ယောက်ရလိုက်သလိုသာ ခံစားရသည်
" အရမ်းမိမိုက်နေမှာပဲ Hyung !! သေချာပေါက် အဲ့နေ့ အရမ်းပျော်နေရမှာပဲ "
စိတ်လိုလက်ရ လေးထောင့်ဆန်ဆန်အပြုံးလေးပေါ်ပေါ်ထင်ထင်ထွက်လာပြီး မျက်လုံးအစုံတို့ကလည်း မှိတ်ကျသွားသော သူရဲ့ ဆံပင်ခပ်အုပ်အုပ်လေးအား Bogum အသဲယားစွာ အသာလေး ဖွပေးလိုက်သည်
Bogum ရဲ့ လက်တွေ ထိုဆံပင်နုနုတို့နှင့် သုံးစက္ကန့်ပြည့်အောင်ပင် မထိတွေ့နိုင်ခင်မှာပဲ တက်တူးတွေအပြည့်နှင့် လက်တစ်ဖက်ရဲ့ ဆွဲဖယ်ခြင်းကို ခံလိုက်ရသည်
Jeon Jung Kook ဆိုသည့်ကောင်လေးသည် သူ့အား ရန်လိုသလို ကြည့်နေပြီး Taehyung နှင့် သူ့ကြား ဝင်ရပ်ကာ Taehyung အား သူ့တစ်ကိုယ်လုံးနှင့် ကာပစ်လိုက်သည်မို့ Taehyung ကိုတောင်မမြင်ရတော့
" Park Bogum အထက်တန်းနောက်ဆုံးနှစ် "
Bogum ရင်ဘတ်က နာမည်ကတ်ပြားကို တစ်ချက်အကဲခတ်လျက်ပြောနေသည်
" ဒီလိုပုံစံနဲ့ စာမေးပွဲကအောင်တော့မှာပဲ "
သေချာပေါက် ဒီကောင်လေးသည် Bogum အား သက်သက်မဲ့ရန်စကားပြောခြင်းဖြစ်သည် မြွေမြွေချင်းခြေမြင်သည်ဆိုသည့်အတိုင်း အဲ့ကောင်လေးရဲ့ အကြည့်တွေကို Bogum နားလည်သည် သေချာပေါက် ကိုယ်ပိုင်တဲ့ပစ္စည်းတစ်ခုကို အပြည့်အဝကာကွယ်နေသည့်ပုံစံ.... ဒါပေမယ့် Taehyung က အဲ့ကောင်လေးအပိုင်မှမဟုတ်တာ
YOU ARE READING
Reborn as my created character