Part 16

504 40 19
                                        

Unicode

အခုထိ စက်ပိတ်ထားသော Bogum Hyung ဖုန်းကြောင့် Taehyung ဆက်မခေါ်တော့ဘဲ Bogum Hyung ဉီးလေးဆိုင်ကိုသာ သွားဖို့စဉ်းစားလိုက်တော့သည်
Bogum Hyung ဉီးလေးရဲ့ဆိုင်မှာ Bogun Hyung ရောက်ရင်လည်း ရောက်နေမှာပဲလေ

" ဘယ်သွားမလို့လဲ "

" ဘယ်သွားသွား မင်းကိစ္စလား "

ဟော အဲ့မှာ Kim Taehyung တို့စဖောက်တာပဲ
ခုနကကျ လာပို့တဲ့ အစားအသောက်တွေကို တစ်ဖြဲနှစ်ဖြဲစားနေတာ သူမဟုတ်တဲ့အတိုင်း ...အခုကျမှ ရုတ်တရုက်ကြီး ဘယ်ထွက်သွားဖို့လုပ်နေတာလဲ

" ခုနက ငါမှာထားတဲ့ဟာတွေကျ စားနေတာ မင်းကိစ္စလိုပဲနော် "

" ရား အဲ့ဒါမင်းငါ့ကို ရေစိုအောင်လုပ်ထားလို့ ပြန်ကလဲ့စားချေတာ "

Jung Kook ပြောနေသမျှ မတ်တပ်ရပ်ပြီးကို အပီအပြင်ပြန်ငြင်းနေသော Kim Taehyung သည် အရင်တုန်းက Jung Kook ကို လိုက်တွယ်ကပ်နေခဲ့တဲ့ အမှိုက်တစ်စသာသာဆိုတာ မည်သို့မျှယုံနိုင်စရာကောင်းမနေ
သို့ပေမယ့် အခု Kim Taehyung လုပ်နေသမျှ ပြောနေသမျှက အရင်လိုမဟုတ်ပေမယ့် အခုပုံစံလေးက Jung Kook အတွက် အနည်းငယ်စိတ်ဝင်စားဖို့ကောင်းသည်ဟုတော့ပြော၍ရသည်... လုံးဝကို အနည်းငယ်လေးပဲ

" အပြင်သွားမှာဆို သွားမနေနဲ့ ငါနဲ့လိုက်ခဲ့ မင်းကို ခေါ်သွားစရာရှိတယ် "

" ငါက မင်းခေါ်တိုင်းလိုက်စရာလား "

" ခုနကပဲ ငါကျွေးတိုင်း စားထားတာမဟုတ်ဘူးလား "

ပြန်ပြီးရန်တွေ့စရာ စကားမတွေ့တော့၍ အတွေးများနေတဲ့တစ်ယောက်ကို Jung Kook လက်မှဆွဲကာ ခေါ်လာခဲ့တော့သည်

" ရား! မင်းငါ့ကို ဘယ်ခေါ်သွားတာလဲ! "

" ငြိမ်ငြိမ်မလိုက်ရင် ပေါင်ပေါ်တင်ပြီးခေါ်သွားမှာ! ငါ့ပေါင်ပေါ်က ထိုင်ပြီးလိုက်ချင်ရင်တော့ ဆက်လုပ်ပေါ့ "

လူကို ခပ်ထေ့ထေ့ပြောကာ သူ့ဆိုင်ကယ်ဆီ ဇွတ်တရွတ်ခေါ်သွားကာ Taehyung ပြောဖို့လည်း အခွင့်အရေးမရလိုက်ခင် ခေါင်းပေါ်ကို Helmet အဆောင်းခံလိုက်ရပြီးဖြစ်သည်

မောင်းထွက်သွားတဲ့ ဆိုင်ကယ်ပေါ်မှာ Taehyung သူ့နောက်ကနေ ငြိမ်ငြိမ်လိုက်ပါခဲ့သည် မရုန်းနိုင်တော့လို့မဟုတ်ဘဲ အဲ့လိုတဇွတ်ထိုးပေတေတေကောင်နဲ့ ဆက်ပြီး ရန်မဖြစ်ချင်တော့လို့ ဖြစ်သည်

Reborn as my created characterWhere stories live. Discover now