Unicode
ဒုန်းခနဲပိတ်သွားသော တံခါးနောက်
Taehyung မှာလည်း အခန်းတွင်းသို့ တွန်းပို့ခံလိုက်ရသည်
" ရား! မင်းဘာလုပ်တာလဲ "
" အဲ့ဒါ ငါက မေးရမှာ Kim Taehyung!! ခုနက ဘာလို့ ငါ့ကို အဖေနဲ့ တိုင်တာလဲ ဟမ်!! "
" ငါတွေ့ခဲ့လို့ တွေ့ခဲ့တယ်ပြောတာလေ ပြီးတော့ ငါက အဖေ့ကို အမှန်အတိုင်းသိစေချင်ရုံပဲ "
" အဟက်! ထပ်ပြီး ဒါကရော ဘာအထာလဲ ငါ့ရဲ့ attention ရဖို့နောက်တစ်နည်းလား "
" ဘာ! "
" မင်းက တော်တော်လောဘကြီးတာပဲနော် ငါတို့ပိုင်ဆိုင်မှုတွေရဖို့ ငါ့ကို ကပ်တယ် မရတော့ ငါ့အဖေကို ကပ်တယ် အဟက် "
" ......... "
" မင်းက တကယ်အသက်အရွယ်မရွေးတာဘဲ "
လှောင်သလိုလို ခနဲ့ပြောလာသော Jeon Jung Kook စကားများကြောင့် ဒီတစ်ခေါက်ဒေါသထွက်ရသူမှာ Taehyung ဖြစ်ရသည်
သူရောက်နေတဲ့နေရာလေးမှာ အဆင်ပြေပြေလေးနေနေရဖို့ပဲ လုပ်နေတာ
ဘယ်သူ့ဘယ်သူ့ရဲ့ ပိုင်ဆိုင်မှုတွေကိုမှ မလိုချင်ဘူး
သို့ပေမယ့် Kim Taehyung က ဒင်းထက်တောင်ရွဲ့တတ်သေးတာ ဒင်းကိုသိအောင်ပြရမည်
" Bingo! မင်းမှန်သွားပြီ "
လက်မနဲ့လက်ညှိုးကိုသုံး၍ အမှန်ခြစ်ပုံစံလုပ်ကာ Jung Kook ဘက်ကို ထိုးလာရင်း ပြုံးစစပြောလာသော Kim Taehyung က အရင်ကလို သူ့ကို ကြောက်ရွံ့နေတာမျိုးတွေရှိမနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာသည်
" သူဌေးသားထက် သူဌေးက ပိုက်ဆံပိုရှိမှာပဲလေ ငါ့ကို အဖတ်မလုပ်တဲ့မင်းထက် ငါလိုသမျှ ပေးနိုင်တဲ့ ငွေထုတ်စက်ဖေဖေကို ကပ်တာက အများကြီး ပိုအကျိုးရှိတယ်ဆိုတာ ငါသဘောပေါက်သွားပြီလေ "
" အရင်က Kim Taehyung က ဉီးနှောက်မရှိခဲ့တော့ကွာ မင်းကို ကပ်ခဲ့တာပေါ့ ဒါပေမယ့် ဟောဒီ Kim Taehyung ကတော့ မင်းကို အခုကစပြီး စောက်ဂရုစိုက်နေတော့မှာ မဟုတ်ဘူး ငါလုပ်စရာရှိတာကို လုပ်သွားမှာပဲ "
ပြောချင်တာပြောချလိုက်ပြီးသည်နှင့် နံရံသို့ဆွဲကပ်ခံလိုက်ရသော ခန္ဓာကိုယ်နှင့်အတူ တင်းကြပ်စွာ ဆုပ်ကိုင်ခံလိုက်ရသော လည်ပင်းကအင်္ကျီစ
ရုန်းနိုင်ဖို့နေနေသာသာ ခြေထောက်နဲ့ကြမ်းပြင်နဲ့တော့ ခပ်ဖျော့ဖျော့သာထိတော့သည်
YOU ARE READING
Reborn as my created character