Part 2

570 42 2
                                        

Unicode


ဒုံဟွာကျောင်းကို ခြေချလိုက်သည်နှင့် အားလုံးရဲ့အကြည့်က သူ့ဆီမှာပင်
အရင် Kim Taehyung သည် အမြဲဖျော့တော့အားငယ်နေပုံပေါက်ကာ အခုလို သူစတိုင်ကျကျ သားသားနားနား ဝတ်စားလိုက်တော့လည်း အံ့ဩငေးမောနေကြသည်မှာ မဆန်းပေ

ကျောင်းယူနီဖောင်းကို စတိုင်ကျကျဝတ်ကာ ဆံပင်ခပ်အုပ်အုပ်လေးနှင့် မျက်လုံးတွင် အမြဲနေရာယူထားလေ့ရှိသော မျက်မှန်အစား မျက်ကပ်မှန်လေး အစားထိုးတပ်ထားသည်
မတပ်လို့လည်းမရ သူဖန်တီးခဲ့တဲ့ ဒီဇာတ်ကောင်က အဝေးမှုန်လေ

အလွန်ချောမောသွားသော ဒီဇာတ်ကောင်လေးကို ငေးကြည့်နေကြတဲ့သူတွေထဲမှာ အရင်ကသူ့ကို ကြည့်မရတဲ့သူများပင် ပါနေသေးသည်

" ရား...ငါတို့ Taehyungie လေးက တကယ်လန်းနေတာပဲကွ "

" Jung Kook ကြီး ငြင်းလိုက်ပြီးမှ အခုလိုတွေ မိမိုက်လာတာ... ဘာလဲ Jung Kook ပြန်စိတ်ဝင်စားစေမယ့် အကွက်သစ်လား "

" လီးကိုအကွက်သစ်! အဲ့ကောင်ကို အာရုံထဲကို မရှိတော့တာ "

သူငယ်ချင်းများဖြစ်သည့် Seok Jae နှင့် Min Woo တို့ကို ပြောဆိုရင်း ဘေးတွင်ဝင်ထိုင်လိုက်သည်
သူတို့နှစ်ဉီးမှာလည်း မိမိဖန်တီးခဲ့တဲ့ ဇာတ်ကောင်များဖြစ်တာမို့ ပေါင်းရသင်းရတာတော့ သိပ်ခက်ခဲလှမည်မဟုတ်
သို့ပေမယ့် နူးညံ့သိမ်မွေ့တဲ့ သူတို့ သူငယ်ချင်းသည်
ရောက်ရောက်ချင်းဆောက်နဲ့ထွင်းသွားတာကိုတော့ အနည်းငယ်ထူးဆန်းနေကြသည်


" Taehyung Ah! နေမကောင်းဘူးလား "

" အေး ငါလည်း အဲ့လိုထင်တယ် ဒီနေ့ Taehyung ပုံစံကအရင်တုန်းကနဲ့မတူသလိုပဲ "

ကျောင်းကန်တင်းက အစားအသောက်တွေကို Taehyung တစ်ယောက် တစ်ဖြဲနှစ်ဖြဲ စားသောက်နေ၍ သူငယ်ချင်းတွေကိုလည်း ပြန်ပြောဖို့စိတ်ကူးမရှိသေး

ရားးးးးး ဒီကမ္ဘာက အစားအသောက်တွေက တကယ်ကြီးတွေ ကောင်းတာဟ

" ရား! Taehyung Ah! ဟိုမှာ Jeon Jung Kook တို့လာနေပြီ "

စားနေသောက်နေရင်း ချောင်းတဟွတ်ဟွတ်ထသီးသည်မှာ Jeon Jung Kook ဆိုတဲ့နာမည်ကိုကြား၍မဟုတ်ဘဲ မိမိစားနေတာကို ဘေးကနေရုတ်တရက်အသံကျယ်ကြီးနှင့်လာပြောတဲ့ Seok Jae ကြောင့်ပင်

Reborn as my created characterWhere stories live. Discover now