မိနစ်တော်တော်ကြာလောက်မောင်းနှင်ပြီးတဲ့နောက်မှာ ဆိုင်ကယ်ဟာ ထိုးရပ်သွားခဲ့သည်မို့ ကိုင်ထားတဲ့ ဘဝင်ရူးကောင်ရဲ့ အင်္ကျီစကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိသည်

" သွားမယ် "

ခေါင်းက Helmet ကို ချွတ်ကာ ဆိုင်ကယ်ပေါ်ကနေ ဆင်းသွားတဲ့ကောင်ကြောင့် Taehyung  မဆင်း​သေးဘဲ သူ့ကျောပြင်ကို ပေကပ်ကပ်ကြည့်နေတော့ သူက နောက်ပြန်လှည့်ကြည့်လာသည်

" မဆင်းသေးဘဲ ဘာလုပ်နေတာလဲ "

သူကပဲ တစ်ပြန် Taehyung ကို ပြန်ပြောလာသည့်အချိန်တွင် Taehyung စိတ်တိုမိသွားတာ အမှန်ဆိုပေမယ့် သူခေါ်လာတဲ့နေရာက မြို့အပြင်ဖြစ်နေတဲ့အပြင် ကိုယ်သိတဲ့နေရာလည်းမဟုတ်တာမို့ နည်းနည်းတော့ မာန်ကိုလျှော့ထားရသည်
မပြောနိုင်ဘူးလေ ဒင်းက သူ့ကို တစ်ယောက်တည်းထားပြီး မောင်းပြန်သွားရင် ဘယ်လိုလုပ်မှာလဲ

" မင်းငါ့ကို ဘယ်ခေါ်လာတာလဲ "

ဘာမှပြန်ဖြေလာသံမကြားသောကြောင့် Taehyung ဘေးပတ်ဝန်းကျင်ကို အာရုံပေးလိုက်မိသည်
ဝိုး.....သူတို့နှစ်ယောက်ဘေးပတ်ပတ်လည်မှာ ခြံရံနေတဲ့ စတော်ဘယ်ရီစိုက်ခင်းတွေ
ခုနက အဲ့ကောင်ကို စိတ်ထဲက ကြိတ်ပြီး ပြောဆိုနေလို့သာ ဘေးဘီကို သတိမထားမိတာဖြစ်သည်

အခုတော့ ဘေးကကောင်ကိုတောင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားရကာ စတော်ဘယ်ရီသီးနီနီရဲရဲကြီးတွေကိုသာ မျက်လုံးအဝိုင်းသားနှင့် ကြည့်နေမိသည်

" အကိုလေး Jung Kook တို့ ရောက်လာပြီပဲ "

Taehyung တို့ဆီရောက်လာသော လူတစ်ယောက်သည် သူတိူ့နှစ်ယောက်အား ဉီးညွှတ်နှုတ်ဆက်လာသည်

" ပြင်ပြီးသွားပြီမလား "

" ဟုတ်ကဲ့ "

" အင်း ခဏနေ လာခဲ့မယ် သွားလို့ရပြီ "

" ဟုတ်ကဲ့ပါ အကိုလေး Jung Kook "

" ခူးချင်လား "

ခုနက လူကြီးပြန်ထွက်သွားတော့ သူတို့နှစ်ယောက်ပဲ
ကျန်ခဲ့သည့်အချိန် ပြောလာတဲ့ ဘဝင်ရူးကောင်

" မ..မခူးချင်ပါဘူး "

ကိုယ့်မာနနဲ့ကိုယ်မို့ အမှန်အတိုင်းထုတ်မပြောချင် ဒီ စတေယ်ဘယ်ရီခြံကြီးကလည်း သေချာပေါက် သူ့အဖေပိုင်ဆိုင်မှုတွေထဲက တစ်ခုဖြစ်ပါလိမ့်မည်
ဒါကြောင့်လည်း ဒင်းက သူ့ဟာလိုမျိုး ပြုမူနေနိုင်တာပေါ့ အလကား အဖေအားကိုးနဲ့ကောင်

Reborn as my created characterWhere stories live. Discover now