ပါးစောင်ထဲကို လျှာထိုးထည့်လိုက်ရင်း Taehyung ကျောပြင်ကို ကြည့်ကာ စိတ်ထဲမှရေရွတ်နေသည်
တောက်  တွေ့ကြသေးတာပေါ့........

ညနေကျောင်းဆင်းတော့ ကျောင်းရှေ့က သစ်ပင်ကြီးအောက်တွင် Taehyung ကိုစောင့်နေသော Bogum တစ်ယောက် Taehyung အလာကိုသာ မျှော်မျှော်ကြည့်နေသည်

လွယ်အိတ်ကြိုးအား လက်တစ်ဖက်နှင့် ရစ်ပတ်ကစားရင်း စောင့်နေစဉ် သူ့ဘေးကို ရောက်လာသော ကောင်လေးသုံးယောက်
အရွယ်အစားက သူနှင့် မတိမ်းမယိမ်းဆိုပေမယ့် မျက်နှာတွေကို ကြည့်ပြီး၍သာ သူ့ထက်ငယ်ကြောင်းကိုသိတာဖြစ်သည်

ဒီတိုင်း လာရပ်တာလို့ထင်မိကာ သူ့တို့ကိုပြန်ကာ ကျောပေးပြီး ဆက်စောင့်နေစဉ် Bogum နှာခေါင်းကို လာရောက်ဖိပိတ်လိုက်သော အဝတ်စတစ်ခု
ရုန်းဖို့ပြင်လိုက်ပေမယ့် သူ့ခြေလက်တွေအားမရှိတော့သလို ခံစားလိုက်ရပြီး အမြင်အာရုံတို့လည်း ကွယ်ပျောက်သွားတော့သည်.........

" မင်းတို့ကလည်းကွာ လိုက်ခဲ့ကြစမ်းပါ "

" နိုး နိုး နိုး မလိုက်ပါဘူး သူများအတွဲတွေကြား မဝင်ချင်ဘူး "

" ရားးးငါနဲ့ Bogum Hyung က အတွဲမဟုတ်ပါဘူးဆို "

" အရူးကိုသွားပြောတောင် မယုံဘူး...သူမင်းကို ကြိုက်နေတာသိသာနေတာကြီးကို.... မနက်ကမင်းကို ကြည့်နေတဲ့အကြည့်ကလည်း... တကယ့်ကို ကြင်ကြင်နာနာ.... "

" တော်ပြီ! မင်းတို့မလိုက်ချင်လည်း နေခဲ့တော့! "

အကြောင်းအရာတစ်ခုခုဆို ပြောလို့မပြီးနိုင်တော့သော သူ့သူငယ်ချင်းတွေကို Taehyung စကားစဖြတ်တောက်ပစ်လိုက်ကာ ထွက်လာခဲ့သည်
တကယ့်ကို သူ့သူငယ်ချင်းတွေက   ကြောင်တောင်တောင် ဂေါက်တောက်တောက်တွေ

ကျောင်းရှေ့က သစ်ပင်ကြီးရှေ့ရပ်စောင့်ရင်း စောင့်နေသည်မှာ ငါးမိနစ်လောက်တော့ရှိတော့မည်ထင်သည် သို့ပေမယ့် Bogum Hyung က ရောက်မလာသေး.... ဘာဖြစ်လို့ပါလိမ့် အမှန်ဆို ရောက်သင့်နေပြီမဟုတ်ပါလား တစ်ခုခုဖြစ်နေတာတော့ မဟုတ်တန်ရာ

တမျှော်မျှော်လုပ်နေချိန် နောက်ကျောဘက်မှ ကျွီခနဲအသံကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်တော့ နှစ်ယောက်မရှိသည့် Jeon Jung Kook

Reborn as my created characterWhere stories live. Discover now