ဘယ်မှာလဲ အဲ့ Jeon Jung Kook ဆိုတဲ့ကောင်က

ပါးစပ်ထဲအပြည့်ရှိနေသေးသော အစားအသောက်တို့ကို အဝါးမပျက်ဘဲ ဘေးပတ်ဝန်းကျင် ဝေ့ဝဲကြည့်နေသည်

ရား.....ထိုင်နေတဲ့ လူတွေရော ထနေတဲ့လူတွေရော လမ်းလျှောက်နေတဲ့လူတွေရော အများကြီးပဲကို ငါက ဘယ်လိုလုပ်ပြီး အဲ့ကောင်ကို သိမှာလဲ

" ဟား ဟား ဟား!! ငါစတာကို ယုံနေတယ် "

" အေးလေ မနက်ကဖြင့် စိတ်ထဲမရှိတော့ဘူးလေး ဘာလေးပြောနေပြီးတော့ "

မိမိကို အရင်က Kim Taehyung ထင်၍ Jeon Jung Kook နှင့် စနောက်လာတဲ့ လက်ရှိကမ္ဘာက သူငယ်ချင်းနှစ်ယောက်ကို စိတ်လေပေမယ့် အစားအသောက်ပျက်မည်စိုး၍ ခေါင်းပဲခါလိုက်ကာ စားစရာရှိတာကိုသာ ငုံ့စားနေမိသည်

Seok Jae နှင့် Min Woo တို့မှာတော့ ပြောင်းလဲသွားတဲ့ အပြုအမူတွေနှင့် နေ့ချင်းညချင်းအစားသောင်းကျန်းနေသော သူတို့သူငယ်ချင်းအား နားမလည်နိုင်စွာပင် ကြည့်နေရသည်

" Yah! Jeon Jung Kook လာပြီ "

ရားးးးး ဒီကောင်တွေကတော့.......တခြားအကွက်တွေမသိတော့ဘူးလား မသိဘူး
ဒီ Kim Taehyung ကို အချဉ်မှတ်နေလားမသိဘူး

ဂရုမပြုစွာပင် သူငယ်ချင်းနှစ်ယောက်ကို ရွဲ့သလိုလိုနဲ့ စားစရာရှိတာ ဆက်စားနေလိုက်သည်

" Taehyung! တကယ်လာနေတာနော် "

" Yah! Min Woo.. Taehyung က တကယ်သူ့ကို အာရုံထဲမထည့်တော့တာထင်တယ် ထားလိုက်ပါတော့ကွာ "

တင်!

ဖုန်းမတ်ဆေ့ချ်တစ်စောင်ဝင်လာတာကြောင့် မြင်တွေ့ရတဲ့ ဖုန်း contact တစ်ခု

Fuck! အရင် Kim Taehyung ဆိုတဲ့ကောင်က တော်တော်မွှန်တာပဲ

ဟိုကောင့်နာမည်ကို ရိုးရိုးမမှတ်ဘဲ Jeon လို့မှတ်တာတင် တော်တော်ဆိုးနေပြီကို နာမည်ရဲ့ရှေ့နောက်နှစ်ခုလုံးမှာ ခရမ်းကောင်အသည်းပုံတစ်ခုစီနဲ့
ဖုန်းနံပါတ်မှတ်တဲ့ကိစ္စထိ ဝတ္ထုထဲထည့်မရေးခဲ့သောကြောင့် အဲ့အရင် Taehyung က အခုလိုမှတ်ထားသည်ကို အခုမှသာ သိခြင်းဖြစ်လေသည်

အဲ့ Jeon Jung Kook ဆိုတဲ့ကောင်ရဲ့ Chat ထဲကို ဝင်ကြည့်လိုက်တော့
" ငါ့ကို Banana milk လာပို့ " တဲ့

Reborn as my created characterWhere stories live. Discover now