Till I Die
မျိုးရိုးမြင့်မြင့် အထက်တန်းလွှာများသာ တက်ရောက်ခွင့်ရှိသော ဒုံဟွာအထက်တန်းကျောင်း
ပြောစရာမလိုအောင်ပင် အဓိကဇာတ်ဆောင်နှစ်ဉီးဖြစ်သည့် Jeon Jung Kook နဲ့ Kim Taehyung သည်လည်း ဒုံဟွာ၏ အထက်တန်းကျောင်းသားများပင်ဖြစ်လေသည်
ဒီဝတ္ထုလေးထဲက Uke လေးကတော့ သိပ်ကို weak ကာ ဇာတ်နာလွန်းလှသည်
Kim Taehyung အဖေသည် Jung Kook အဖေ
ရဲ့ Euphoria ကုမ္ပဏီတွင် အလုပ်လုပ်နေသော ဝန်ထမ်းတစ်ဉီးဖြစ်သည်
တစ်နေ့မှာ Kim Taehyung ရဲ့ အဖေက ကုမ္ပဏီကိစ္စဖြင့် ခရီးဝေးတစ်ခုသွားရကာ အပြန်လမ်းတွင် ကားအက်ဆီးဒင့်တစ်ခုကြောင့် သေဆုံးသွားခဲ့သည်
ကုမ္ပဏီစထောင်ကတည်းကနှစ်ပေါင်းများစွာ သစ္စာရှိရှိထမ်းဆောင်ခဲ့သော Taehyung ၏ အဖေဖြစ်သူမှာ နောက်ဆုံးထွက်သက်အထိ ကုမ္ပဏီကိစ္စဖြင့်သာ အသက်ဆုံးရှုံးခဲ့သူတာမို့ တစ်ကောင်ကြွက်ဖြစ်သွားသောဝန်ထမ်းဖြစ်သူ၏ သား Kim Taehyung ကို Jung Kook ရဲ့ အဖေဖြစ်သော Euphoria Company ရဲ့ ဉက္ကဌကြီးက မွေးစားခဲ့လေသည်
Taehyung က အစကတည်းက လိမ္မာရေးခြားရှိတဲ့ ကလေးမို့ ဉက္ကဌကြီးသည် သူ၏သားအရင်း
Jung Kook နှင့်တန်းတူချစ်ခင်ပေးခဲ့သည်
Kim Taehyung သည် ၁၉ နှစ်အရွယ်တွင် သူ့အဖေရဲ့အလုပ်ရှင်က မွေးစားသားအဖြစ်နဲ့ ခေါ်ယူစောင့်ရှောက်လေသောကြောင့် Jung Kook ရှိရာ Golden စံအိမ်တော်ကြီးကို ရောက်ရှိခဲ့ရသည်
သူအဲ့အိမ်ကြီးပေါ်စရောက်ကတည်းက Jeon Jung Kook ဆိုတဲ့ကောင်လေးကို မြင်မြင်ချင်းချစ်ခင်မိသွားခဲ့သည်
သူ့ထက်တစ်နှစ်ကျော်ကျော်ငယ်သော ကောင်လေးကို Taehyung မှာ ဂရုစိုက်ကြင်နာပြပါသော်လည်း Jeon Jung Kook က သူ့ကို အဖတ်ပင်မလုပ် အစကတည်းက Jung Kook က
မိတဆိုးလေးဖြစ်တာကြောင့် အပေါင်းအဖော်တွေနှင့် ပျော်ပါးကာ ဆိုးချင်တိုင်းဆိုးသောကောင်လေးဖြစ်သောကြောင့် Taehyung မှာ Jung Kook ကို အကြီးတစ်ယောက်လို ပြုပြင်ပေးဖို့ကြိုးစားသော်လည်း Jung Kook က သူဝါးနေကျပီကေလောက်ပင် Taehyung ကို အရေးအရာမလုပ်ခဲ့
သို့ပေမယ့် Jung Kook ထံမှာ ကျရှုံးနေပြီဖြစ်သော Taehyung မှာ Jung Kook ဆိုးသမျှကို သည်းခံကာ ဂရုစိုက်ပေးခဲ့သည် Jung Kook ကျောင်းလစ်ကာ အပြင်တွေလျှောက်သွားလည်း ဉက္ကဌကြီးကို ခိုးလိမ်ပေးရ စာမေးပွဲနီးလို့ စာတွေမရှိပြန်ရင်လည်း လွတ်သွားတဲ့ စာတွေ ပြန်ကူးပေးရ အိမ်ကပ်လေ့မရှိတဲ့ Jung Kook အိမ်ပြန်လာတဲ့နေ့တွေဆိုလည်း Jung Kook ကြိုက်တတ်တဲ့အစားအသောက်တွေ ချက်ပြုတ်ပေးရနဲ့ လုံးပန်းပန်းလျက်ရှိသော်လည်း Jung Kook ဆီမှ မည်သို့သော အသိအမှတ်ပြုခြင်းကိုမျှ မရရှိခဲ့
Jung Kook အတွက်တော့ သူဟာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကပ်ပါးကောင်သာ
DU LIEST GERADE
Reborn as my created character
Part 1
Beginne am Anfang