အပိုင်း(၄၁၁) ကြက်သားများများ စားနိုင်ရင် ဆရာလည်း လုပ်နိုင်တယ်

17 4 0
                                    

ဤသည်မှာ ဝမ်လင်းပင် မမျှော်မှန်းနိုင်သော အခြေအနေဖြစ်သည်။

မှော်ရတနာတစ်ခု၏ စွမ်းအားကို အသုံးပြု၍ စိတ်ဝိညာဉ်ကို လက်တွေ့ကမ္ဘာတွင် ထင်ရှားစေရန် အတွက် ဝိညာဉ်စွမ်းအား မည်မျှသုံးစွဲရမည်ကို တိုင်းတာရန် သူမေ့လျော့သွားခဲ့သည်။

စိတ်ဝိညာဉ် ဖိနှိပ်ခြင်း လက်စွပ်ကို ဝိညာဉ်စွမ်းအားဖြင့် အားပြန်သွင်းရန် တစ်နေကုန် အချိန်ယူရမည် ဖြစ်သော်လည်း ဖန်းကွမ်းက ပြင်ကကမ္ဘာတွင် (Ultraman) ထက်ပင် တိုတောင်းပြီး သုံးမိနစ်သာ နေနိုင်မည် ဖြစ်သည်။

ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းနှစ်ခုရှိသည်။

တစ်ခုမှာ စိတ်ဝိညာဥ် ဖိနှိပ်ခြင်း လက်စွပ်တွင် ဝိညာဉ်စွမ်းအား သိုလှောင်ရန်နေရာကို ဆက်လက် ချဲ့ထွင်ရန်နှင့် နောက်တစ်ခုမှာ ဖန်းကွမ်း၏ ဝိညာဉ်စွမ်းအား သုံးစွဲမှုကို ကန့်သတ်ရန် ဖြစ်သည်။

သို့သော် ပြဿနာမှာ ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် ဖန်းကွမ်းက နည်းလမ်းနှစ်ခုစလုံးကို တောင်းဆိုခဲ့ခြင်းပင်။

ယခုအချိန်တွင် စိတ်ဝိညာဉ် နေရာလွတ်အား မှော်လက်စွပ်ထဲ  ပြောင်းရွှေ့ထားသောကြောင့် လုံလောက်သော ဝိညာဉ်စွမ်းအားကို စုဆောင်းပြီးသည့် အချိန်အထိ ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်အသွယ် ပြတ်နေမည် ဖြစ်သည်။

"စီနီယာဖန်းက အရမ်းစိုးရိမ်နေပုံပဲ.. သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ဆက်သွယ်နိုင်မဲ့ နည်းလမ်းကို စဉ်းစားရမယ်"

"ဒါပေမဲ့ ကွန်ပျူတာကို လက်စွပ်ထဲ ပို့တာနဲ့ ပတ်သက်ပြီး အစောပိုင်းက ညီနောင်လင်း ပြောတာ ​ငါကြားလိုက်တယ်.. ငါတို့ဘယ်လိုမျိုး ပို့လို့ရမလဲ ညီနောင်လင်း"

ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်ဝိညာဉ် နေရာလွတ်နှင့် ပတ်သက်၍ အကန့်အသတ်ဖြင့် နားလည်ခဲ့သော်လည်း အခြေခံများကိုမူ သိရှိဆဲ ဖြစ်သည်။

စိတ်ဝိညာဉ် နေရာလွတ် ဖွဲ့စည်းပုံက အလွန်ရှုပ်ထွေးသည်။

ထွင်ထျန်းဟာက ဖန်းကွမ်း ပေးခဲ့သော အသေးစိတ်ပုံကြမ်းကို စိတ်ဝိညာဉ်နေရာလွတ် ထဲသို့ ယခင်က ထည့်သွင်းထားမိသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now