အပိုင်း(၃၉၇) အကြောတင်းသောမျက်နှာ၊ ကြင်နာသောနှလုံးသား

13 0 0
                                    

သံသယများ ပြည့်နှက်နေသော ငွေရောင်လေးက ထိုညမှာပင် ခေါက်ဆွဲခြောက်ဘောက်စ်ကို ရင်ဝယ်ပိုက်၍ ထွက်ခွာသွားခဲ့သည်။

သီအိုရီအရ ပြောရလျှင် ဤခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ် အနည်းငယ်က အသုံးဝင်မည်ဟု သူမထင်ပေ။

သို့သော် သူအိမ်က မထွက်ခင်တွင် ဤခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်က တန်ဖိုးမဖြတ်နိုင်သော အရာဟု မွန်းစတားဘောပင်က အရိပ်အမြွက် ပြခဲ့သည်။

ငွေရောင်လေးအနေဖြင့် ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်၏ တိကျသော အကျိုး သက်ရောက်မှုများကို ဖြည်းဖြည်းချင်းလေ့လာရန် အိမ်ပြန်ရောက်သည် အထိ စောင့်ရုံသာ ရှိတော့၏။

သူက သူတော်စင် သားရဲ ဖြစ်သော်လည်း ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို တစ်ခါမှ မကြားဖူးသည်တော့ မဟုတ်ပေ။

ခေါက်ဆွဲ​ခြောက်ထုပ်မှာ လူများစွာအတွက် ငယ်ဘဝ အမှတ်တရ ဖြစ်သည်။

လူများစွာတို့က ကလေးအရွယ်တွင် မုန့်ထုပ်ထဲမှ ကတ်များကို စုဆောင်းရန် ဝယ်စားခဲ့ကြ၏။

ထို့နောက် သက်ဆိုင်ရာ ကတ်များ အားလုံးကို စုဆောင်းပြီးသည်နှင့် ဆုလဒ်တစ်ခု ရရှိမည် ဖြစ်သည်။

ယခု​ခေတ်တွင် အဘယ်ကြောင့် ကတ်ဂိမ်းများ ခေတ်စားရသနည်း ဆိုသော် ခေါက်ဆွဲခြောက်ထုပ်ထဲမှ ကတ်ကိုစုကာ ကြီးပြင်း လာကြသောသူများကြောင့်ပင်။

ငွေရောင်လေးက သူတော်စင် သားရဲ၏ အသက်အရွယ်အရ "ကလေး" အရွယ် မျှသာ ရှိသေးသော်လည်း ခေါက်ဆွဲခြောက်ထုပ်ကို ဖောက်ကာ လမ်းပေါ်တွင် စားသုံးမည့် နည်းလမ်း မရှိပေ။

အသက်တစ်ခုတည်းကို အခြေခံလျှင် ဤကမ္ဘာ၌ ငွေရောင်လေး နေထိုင်ခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။

ကျင့်ကြံခြင်း ပြက္ခဒိန်က ဟွာရှို့နိုင်ငံကို တည်ထောင်ပြီးမှ စတင်ခဲ့သော်လည်း ထိုမတိုင်မီ ကြာမြင့်စွာ ကတည်းကပင် ငွေရောင်လေးက မွေးဖွားခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် သူက သမိုင်းကြောင်းများစွာကို တွေ့ကြုံခဲ့ရသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now