အပိုင်း(၃၇၈) သက်လတ်ပိုင်းအရွယ် ပင်ဂွင်းသခင်

11 0 0
                                    

အကဲဖြတ်စင်တာတွင် စာမေးပွဲကို အပိုင်းများစွာဖြင့် ပိုင်းခြားထားသည်။

အခြေခံစွမ်းရည် စမ်းသပ်မှု ငါးခု ဖြစ်သည့် ခွန်အားစမ်းသပ်မှု၊ အမြန်နှုန်း စမ်းသပ်မှု၊ အခုန် စမ်းသပ်မှု၊ ကာကွယ်ရေး စမ်းသပ်မှုနှင့် ဉာဏ်ရည်စမ်းသပ်မှုတို့ အပြင် အရေးအကြီးဆုံးအပိုင်းမှာ တိုက်ပွဲဝင် အကဲဖြတ်မှု အပိုင်း ဖြစ်သည်။

ဝေ့ကျစ် မသွားခင် ထွင်ထျန်းဟာက ဝေ့ကျစ် ပြောပြသမျှကို ကြားခဲ့ရ၏။

တိုက်ပွဲဝင် အကဲဖြတ်မှုတွင် အသုံးပြုသည့် ဝိညာဉ်သားရဲများကို အကဲဖြတ်ရေးစင်တာမှ သီးသန့် မွေးမြူထားခြင်း ဖြစ်သည်။

ထို သားရဲများအားလုံးတွင် တူညီသော စွမ်းရည်များ ရှိသည်။

တစ်ခုတည်းသော ခြားနားချက်မှာ ၎င်းတို့၏ သားရဲ အဆင့်များပင်။

အကဲဖြတ်စင်တာ၏ ယေဘုယျ စည်းမျဉ်းမှာ အခြေခံစွမ်းရည်စမ်းသပ်မှု ငါးခုပြီးနောက်တွင် အကဲဖြတ် ဆရာက ဝိညာဉ်သားရဲ၏ အလုံးစုံ စွမ်းရည်အပေါ် အခြေခံပြီး အဆင့်ကို တိုက်ရိုက် ဆုံးဖြတ်မည် ဖြစ်သည်။

ဥပမာအားဖြင့် ၎င်းက စတုတ္ထတန်းစား ဝိညာဉ်သားရဲ ဖြစ်လျှင် စတုတ္ထတန်းစား သားရဲဖြင့် တိုက်ပွဲဝင်ရန် စီစဉ်ပေးမည်ဖြစ်သည်။

အကယ်၍ ဝိညာဥ်သားရဲက အနိုင်ရခဲ့လျှင် ၎င်းကို တတိယအဆင့်သို့ အဆင့်မြှင့်တင်မည် သို့မဟုတ် တိုက်ပွဲ အတွင်း ၎င်း၏ စွမ်းဆောင်ရည်ပေါ် မူတည်၍ ၎င်း၏ အဆင့်က ယခင်အတိုင်း ရှိကောင်းရှိနေနိုင်သည်။

သို့ရာတွင် ဝိညာဉ်သားရဲ ရှုံးသွားလျှင်မူ အဆင့်လျှော့ ခံရလိမ့်မည် ဖြစ်၏။

ဤသည်မှာ အကဲဖြတ် စင်တာများကို ပထမဆုံး စတင်ဖွဲ့စည်းစဉ်ကပင် ကျင့်သုံးခဲ့သည့် စည်းမျဉ်း ဖြစ်ပြီး အမှန်တကယ်လည်း မျှတမှု ရှိသည်။

တစ်ခုတည်းသောဒုက္ခမှာ စမ်းသပ်ပေးသော သားရဲ၏ စွမ်းရည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဝေ့ကျစ် ပြောစကားအရ အကဲဖြတ်ရေးဌာနအားလုံးတွင် အသုံးပြုသည့် သားရဲများသည် ဝိညာဥ်ဧကရာဇ် ပင်ဂွင်းများ ဖြစ်ကြသောကြောင့်ပင်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now