အပိုင်း(၃၇၆) ဒီခွေးက အံဩစရာပဲ

14 0 0
                                    

စုန့်ဟိုင်မြို့တွင် ဝိညာဉ်သားရဲ အရည်အချင်း အကဲဖြတ်ရေးစင်တာ သုံးခုရှိပြီး သားရဲများ အဆင့်အတန်း ခွဲခြားသတ်မှတ်ခြင်းကို အဓိကထား လုပ်ဆောင်သည်။

သင်က သက်ဆိုင်ရာ သားရဲနှင့် စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန် စာချုပ်ပြုလုပ်ပြီး အကဲဖြတ်မှု အခကြေးငွေကို ပေးဆောင်နေသမျှ ကာလပတ်လုံး သင်က အရည်အချင်းစစ် အကဲဖြတ်မှုကို ဖြေဆိုနိုင်ပေမည်။

ထွင်ထျန်းဟာက ဝမ်လင်းနှင့် အတူနေတာ ကြာပြီဖြစ်သော်လည်း စာချုပ်မချုပ်ထားပေ။

စိတ်ဝိညာဉ် အိမ်မွေးတိရိစ္ဆာန် စာချုပ် တည်ရှိရခြင်းအကြောင်းရင်းမှာ ပိုင်ရှင်များ အနေဖြင့် ၎င်းတို့၏ စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်များ ပုန်ကန်မှု ပြုလျှင် စာချုပ်စွမ်းအားကို အသုံးပြု၍ အတင်းအကြပ် ချုပ်ကိုင်နိုင်စေရန် ဖြစ်သည်။

သို့သော် လင်းကျန်းရန်နှင့် သက်ဆိုင်သည့် အိမ်မွေးတိရိစ္ဆာန်တစ်ကောင် အနေဖြင့် ဤစာချုပ်က လုံးဝတန်ဖိုးမရှိပေ။

ပထမဆုံး အချက်အနေဖြင့် ထွင်ထျန်းဟာက ဝမ်လင်းကို ပုန်ကန်ဖို့ နေနေသာသာ ဝမ်လင်းရှေ့တွင် သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ထိန်းချုပ်၍သာ နေခဲ့ရသည်။

အကယ်၍ ပုန်ကန်မိလျှင် တမင်တကာ အရိုက်ခံရရန် တောင်းဆိုသလိုသာ ဖြစ်နေလိမ့်မည် မဟုတ်ပါလော။

သို့သော် ယခုတစ်ကြိမ် ဝိညာဥ်သားရဲ အရည်အချင်းအကဲဖြတ်ရေး ဌာန၏ စမ်းသပ်မှုတွင် ပါဝင်ရန်အတွက် ဝမ်လင်းက ယမန်နေ့ ညနေတွင် ထွင်ထျန်းဟာ နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ထွင်ထျန်းဟာကလည်း သဘောတူခဲ့၏။

ဖားပြုပ်မျိုးနွယ်စုတွင် အာကာပြင်ဝါးမျိုခြင်း စွမ်းရည် ရှိသည်။

ထွင်ထျန်းဟာက ယခုအခါတွင် ခွေးတစ်ကောင် ဖြစ်နေသော်လည်း မန္တန်ကို သိရှိသ၍ ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ထိုစွမ်းရည်ကို အသုံးပြုနိုင်မည် ဖြစ်သည်။

လက်ရှိတွင် ထွင်ထျန်းဟာက စာချုပ်ကို ပါးစပ်ထဲတွင်သာ သိမ်းဆည်းထားခဲ့သည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now