အပိုင်း(၃၅၅) မီးတောက်ဧကရာဇ်၏ မျိုးဆက်များ

12 2 0
                                    

ဆယ်နာရီကျော်လောက်ထိ ဝမ်လင်းနှင့်ဖန့်ရှင်းက မှော်အစီအရင်ကို ကိုင်တွယ်နေဆဲပင်။

ချုံရှစ်စစ်ကို အရှင် ဖမ်းဆီးပြီးနောက် ဝမ်မင် နှင့် ကျိုးရီ တို့က လမ်းကြားတစ်ခုတွင် ရှောင်ယွင်ချမ်းကို တွေ့ရှိခဲ့ကြသည်။

သူ့မျက်လုံးများက သွေးနီရောင် ဖြစ်နေ၏။

ရွှေကုံးဂိုဏ်း၏  အသီးက သူ့ခန္ဓာကိုယ်ထဲတွင် လုံးဝကွဲလုမတတ် ဖြစ်နေသည်။

အဝေးမှာ ရှိနေသည့် သူတို့ပင် ဖော်မပြနိုင်သည့် ဖိအားကို ခံစားနေကြရ၏။

၎င်းက သာမန် ကျင့်ကြံသူမှ ထုတ်လွှတ်သော ဝိညာဉ်ရေးဖိအားနှင့် ကွဲပြားသည်။

ယခုက ထိန်းချုပ်နိုင်စွမ်း မရှိသော အော်ရာ ဖိအားတစ်ခု ဖြစ်ပြီး ရှောင်ယွင်ချမ်း အတွင်းရှိ ဝိညာဉ်စွမ်းအင်များ၏ အာရုံစူးစိုက်မှုက အထွတ်အထိပ်သို့ ရောက်ရှိခါနီးတွင် ပြသတတ်သော အလွန် အန္တရာယ်များသည့် လက္ခဏာ တစ်ရပ် ဖြစ်သည်။

ဝမ်မင်က သူ့ချွေးများကို သုတ်လိုက်သည်။

သူတို့က ချုံရှစ်စစ် နှင့် အချိန်အတော် ကုန်သွားခဲ့ရသည်။

ကံကောင်းစွာဖြင့် သူတို့က အချိန်မနှောင်းမီ ဖမ်းမိခဲ့၍ အရာအားလုံးကို ပြန်လှည့်ရန် အချိန်ရှိပါသေးသည်။

"ညီနောင်အာ ငါတို့ သူ့အနီးကို လုံးဝကပ်လို့ရမှာ မဟုတ်ဘူး"

ကျိုးရီနှင့်ဝမ်မင်တို့က ထိုဖိနှိပ်မှုကို ပြင်းထန်စွာ ခံစားနေရ၏။

သူတို့ဝတ်ထားသည့် အသားကပ်ဝတ်စုံကြောင့်သာ မဟုတ်လျှင် ဤဖိအားက ပို၍ပင် ပြင်းထန်လာနိုင်ပေသည်။

အတိုင်းအတာ တစ်ခုအထိ ရှောင်ယွင်ချမ်း၏ အော်ရာက ယခုအခါ စိတ်ဝိညာဥ် အခြေတည် အဆင့်၏ အထွတ်အထိပ်သို့ ချဉ်းကပ်နေပြီ ဖြစ်သည်။

ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည့် ဤအော်ရာ ဖိအားကြောင့် လှုပ်ရှားဖို့ နေနေသာသာ ခံနိုင်ရည် ရှိရန်ပင် မနည်းရုန်းကန်နေရ၏။

ယင်းက ရွှေကုံးဂိုဏ်းမှ တီထွင်ခဲ့သော သစ်သီး မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ပြသနေခြင်းပင်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now