အပိုင်း(၄၀၀) မောင်းမဆောင်ထဲကထွင်ထျန်းဟာအဆင့်အတန်း

15 1 0
                                    

ဂရုထဲရှိ ငွေရောင်လေးထံသို့ မက်ဆေ့ချ်ပို့ပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်က သီးသန့် ချက်တင်ဝင်းဒိုးကို ဖွင့်လိုက်သည်။

သူ၏ စကားပြောဖော်က အခြားသူမဟုတ်ဘဲ ဝမ်လင်း ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးခွန်းတစ်ခု အမြန်ထုတ်လိုက်သည်။

"ညီနောင်လင်း.. ဒီလူတွေက ဘယ်သူတွေလဲဆိုတာ မင်းဘယ်လိုသိတာလဲ.. ငွေရောင်လေးရဲ့ နောက်ကို လိုက်နေတာ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းလို့ ဘာကြောင့် သေချာနေရတာလဲ"

ဝမ်လင်းက ရှင်းပြရန် အနည်းငယ် ရှုပ်ထွေးသည်ဟု ခံစားမိသောကြောင့် ဤမေးခွန်းအတွက် နှုတ်ဆိတ်နေခဲ့သည်။

အရာအားလုံးက ငွေရောင်လေး သွေးများ ပေးပို့ရာမှ အစပြုခဲ့သည်။

ဝမ်လင်းက သူတော်စင်သားရဲသွေး ထဲတွင် ထွင်ထျန်းဟာကို စိမ်ခါနီး၌ တစ်စုံတစ်ယောက်က ဝိညာဉ် အမှတ်အသား တစ်ခု စိုက်ထူထားသည်ကို ရုတ်တရက် တွေ့ရှိခဲ့သည်။

၎င်းက အလွန် ခေတ်မီဆန်းပြားသော ခြေရာခံနည်းလမ်း ဖြစ်ပြီး စုန့်ချင်းရှုကို ခြေရာခံရန် မော့အင်မော်တယ် ရဲတိုက်အသုံးပြုသော နည်းလမ်းထက် ပိုမို အားကောင်းသည်။

ထိုနည်းလမ်းနှင့် ပတ်သက်၍ အထင်ကြီးစရာ အကောင်းဆုံးအချက်မှာ မည်မျှပင် သတိတရား ရှိပါစေ၊ ဂရုတစိုက် စစ်ဆေးခြင်းမရှိဘဲ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ခြင်းပင်။

ယခင်ကဆိုလျှင် ထွင်ထျန်းဟာက အိမ်တွင်သာ အမြဲရှိခဲ့၏။

ထို့ကြောင့် ၎င်းကို ဝိညာဥ် အမှတ်အသား စိုက်ထူရန် အခွင့်အရေးရသူများမှာ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှန်းသေချာသည်။ 

ဤဝိညာဥ် အမှတ်အသားကို တိတ်တဆိတ် စိုက်ခဲ့သူမှာ ဦးလေးကျို ဖြစ်နိုင်သည်ဟု ဝမ်လင်း ခန့်မှန်းမိခဲ့သည်။

သို့သော် ဦးလေးကျို၏ စွမ်းရည်ဖြင့် ဤကဲ့သို့သော ဝိညာဉ်အမှတ်အသားမျိုးကို ဖန်တီးနိုင်မည် မဟုတ်ပေ။

၎င်းကို နောက်ကွယ်ကနေ ကူညီပေးနေသည့် ကျင့်ကြံသူ တစ်ယောက် ရှိရမည်ဟု ဝမ်လင်း ခန့်မှန်းမိခဲ့သည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now