အပိုင်း(၃၉၁) မျက်နှာဖြူမိန်းကလေး

13 0 0
                                    

သူတော်စင် သားရဲတစ်ကောင်ကို ထိန်းကျောင်းခြင်းသည် အမှန်တကယ်တွင် ပေရှည်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

ယင်းမှာ ကျောင်းရှိ မိန်းကလေးများကြားတွင် ရေပန်းစားနေသည့် အချစ်ဇာတ်လမ်း ဂိမ်းတစ်ခုနှင့် ဆင်တူကြောင်း ဝမ်လင်း တွေ့ရှိခဲ့သည်။

မိန်းကလေးများက ထိုဂိမ်းကို "ဆွဲဆောင်မှုရှိသောအမျိုးသား" ဟု နောက်ပြောင်၍ ခေါ်ဝေါ်ကြ၏။

ဝမ်လင်း အတွက်မူ အတန်းထဲရှိ မိန်းကလေးများလို ယောကျာ်းလေး 4ယောက်ကို ဖုန်းတစ်လုံးထဲဖြင့် လှည့်ပတ်ကစားရန်ထက် သစ္စာရှိ ခွေးတစ်ကောင်နှင့် သူတော်စင် သားရဲတစ်ကောင်ကို မွေးမြူသည်ကသာ ပို၍လွယ်ကူပေမည်။

ဇူလိုင်လ ၈ ရက်နေ့သည် စာသင်နှစ်၏ ၁၁ပတ်မြောက် စနေနေ့ ဖြစ်သည်။

ထိုနေ့နံနက်တွင် ငွေရောင်ဆံပင်နှင့် လူငယ်တစ်ဦးသည် ဝမ်မိသားစု အိမ်ငယ်လေးရှေ့တွင် ပေါ်လာသည်။

လူငယ်လေးက အဖြူရောင်ရှပ်အင်္ကျီနှင့် လိုက်ဖက်သော အသားကပ် ဂျင်းဘောင်းဘီ တစ်ထည်ကို ၀တ်ဆင်ထားသည်။

ဤဝတ်စုံကို ဗုံးပစ်စီနီယာ အင်မော်တယ်က ကုန်တိုက်တွင် ဝယ်ပေးခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က သူနှင့်အတူ လာရန် စီစဥ်ခဲ့သော်လည်း နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းကို ဖော်ထုတ်ပြီးနောက်တွင် ကျင့်ကြံခြင်း ဖိုရမ်၌ တစ်ညလုံး ပို့စ်အသစ်များ ဆက်တိုက် တက်လာခြင်းကြောင့် အဆုံးသတ်တွင် ဖိုရမ်က ဆာဗာဒေါင်းသွားခဲ့သည်။

လောလောဆယ်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဆာဗာပြုပြင်ထိန်းသိမ်းမှု ပြုလုပ်နေခဲ့၏။

ငွေရောင်လေး ထွက်မလာမီတွင် ဗုံးပစ် စီနီယာအင်မော်တယ်က တရားဝင် တောင်းပန်ချက် ထုတ်ပြန်ခဲ့သည်။

"တောင်းပန်ပါတယ်.. နည်းပညာဆိုင်ရာ ပြဿနာတွေကြောင့် ဆာဗာ ပျက်သွားပါပြီ.. ကျနော်တို့ရဲ့ နည်းပညာရှင်တွေက ပြဿနာကို ဖြေရှင်းဖို့ တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်"

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now