🪻🪻🪻Part(28)

849 30 5
                                    

🌸🌸🌸
သူမ တောင်းပန်နေတာကို မယုံနိုင်တဲ့ပုံစံနဲ့ ကြည့်နေတဲ့ မြတ်ပန်းသဇင်ကြောင့် မေယမင်းသော် ရှက်နေသည့်ကြားက စိတ်မရှည်သလို ဖြစ်မိသည်။

"ငါမနေ့က သေချာစဉ်းစားခဲ့တယ်။ ငါ အဲ့လိုဖြစ်သွားတာကလည်း ကံကောင်းသွားတာပဲလေ။ မကောင်းတဲ့ကောင်နဲ့ လမ်းလွှဲခဲ့တယ်လေ...."

‌ဒေါ်မေယမင်းသော်ရဲ့ ဆွေးဆွေးကြီး ဆပြာနေတဲ့ပုံကိုကြည့်ရင်း သဇင်လည်း ပြန်စဉ်းစားမိသည်။ ဒေါ်မေယမင်းသော်ဘက်က ကြည့်ရင်လည်း သူမအမှားမပါဘဲ သူချည်းခံခဲ့ရတာမလား။ လူတိုက်မိမှာစိုးရိမ်၍ ရှောင်လိုက်ရင်း သူမခြေတစ်ဖက် ဆုံးရှုံးလိုက်ရသည်မို့ သူမက ခံရသူသက်သက်။ သဇင်ကိုသာ မောင့်နဲ့ အကွက်ချပြီး လက်စားမချေခဲ့ရင် ဒေါ်မေယမင်းသော်မှာ တကယ့်အဖြူထည်လေးဖြစ်မှာ အမှန်ပင်။ ကံတရားက ကျီစားခဲ့တာလား မပြောတတ်ပါ။

"မြတ်ပန်းသဇင်..."

သူမနာမည်ကို ခေါ်လိုက်မှအတွေးတွေ ပစ္စုပ္ပန်ပြန်ရောက်လာခဲ့သည်။

"သဇင့်ကို တောင်းပန်စရာ မလိုပါဘူး။ အန်တီ့ကြောင့် မောင်နဲ့ ဆုံတွေ့ခဲ့ရတာပဲ။ အဲ့တာကြောင့် မတောင်းပန်နဲ့။ အန်တီနဲ့ ချက်ချင်းပြေလည်ရအောင် သဇင် အဆင်သင့်မဖြစ်သေးဘူး။ ဖြည်းဖြည်းချင်းပဲ အချိန်ယူရအောင်။ "

သဇင့်စိတ်ထဲအရှိအတိုင်းပြောလိုက်သည်။ မောင့်ကိုတောင် တစ်ခါတစ်ခါစိတ်ပြန်တိုတတ်သည်မို့ ဒေါ်မေယမင်းသော်ဆို ပိုဆိုးမည်မလား။ ပြီးတော့ ဖေဖေတို့က တကယ်တရားစွဲခဲ့တာလည်း အမှန်မို့ ဒေါ်မေယမင်းသော်အမှားဆိုပြီး သူ့ကို အမုန်းကြီးမုန်းမနေခဲ့ပါ။ သဇင်နာကျင်ခဲ့ရတာတွေကို လွယ်လွယ်နဲ့တော့ မဖြေဖျောက်နိုင်ပေမဲ့ သူတောင်းပန်တာကို လက်ခံဖို့ထိ စိတ်ကူးမရှိ။ တကယ်တော့ သဇင်က ကလဲ့စားချေချင်တဲ့ သူ့စိတ်ကို ရိုက်ချိုးချင်ခဲ့ရုံပါ။ အရာအားလုံး တဖြည်းဖြည်း အနည်ထိုင်လာတဲ့ အချိန်‌ကို စောင့်ချင်ရုံပါ။

"အေးပါ... နင် ကြိုက်သလို အချိန်ယူပါ..."

မေယမင်းသော်ကလည်း သူမဘက်က မာနလျှော့ပြီးသားမို့ ကိစ္စထူးထွေမရှိတော့။

ရင်ထဲက နေရာ(OC)Where stories live. Discover now