🥭🥭🥭Part(5)

455 13 3
                                    

🌼🌼🌼
"အဟက်... မြတ်ပန်းသဇင်... ခင်ဗျားနှုတ်ခမ်းက ချိုသားပဲ နှစ်ယောက်တည်းရှိတဲ့အချိန်မှာ နမ်းတာတောင် အဲ့လိုအရှက်သည်းနေရင် ခင်ဗျားကို လူရှေ့သူရှေ့နမ်းရင် ဖြစ်သွားမယ့်ပုံတောင် မြင်ချင်သေးတယ်"

နှုတ်ခမ်းလှုပ်ရုံပြောပြီး ဉာဏ်တစ်ယောက် ညနေက အဖြစ်အပျက်ကို တွေးနေမိသည်။

"သားဉာဏ်..."

"ဗျာ... တီလေး..."

"တစ်ယောက်တည်း ဘာတွေပြောနေတာလဲ..."

"မဟုတ်ပါဘူး... တီလေး သားကိုပြောစရာရှိလို့လား"

တီလေးနားကို လျှောက်သွားပြီး တီလေးရဲ့ ကျိုင်းထောက်ကို ဖယ်ကာ ကူတွဲပေးလိုက်သည်။ ပြီးလျှင် ခြံထဲက ခုံတန်းလေးဆီ ခေါ်သွားပြီး ထိုင်စေလိုက်သည်။

"တီလေး... အခြေအနေမေးကြည့်ချင်လို့..."

"နောက်နှစ်လလောက်နေရင် အခြေအနေထူးပြီ တီလေး..."

"ပြီးတာပဲ တီလေးက သူတို့မိသားစုကို ပြန်ခံစားစေချင်လို့ အဲ့လိုလုပ်ပေမဲ့ သားဉာဏ် အဲ့ကောင်မလေးနဲ့ မညှိစေချင်ဘူး။ အဲ့တာကြောင့် အဲ့ကောင်မလေးရဲ့ ယုံကြည်မှုကို ရအောင်ယူ ပြီးရင် သူ့မိဘတွေရဲ့ အပြစ်အတွက် အသုံးချပြီး အားလုံးကို ချပြရုံပဲ"

"တီလေး စိတ်ချပါ... သူက သားကို သိပ်မယုံသေးလို့ ယူဖို့ပြောရင် ငြင်းတုန်းပဲ"

"ဘယ်တတ်နိုင်မလဲ အကြာကြီးစောင့်ခဲ့တာပဲ တီလေးအတွက် နှစ်လလောက်က ခဏလေးပါ သားဉာဏ်ကိုပဲ စိတ်ပူတာ တော်ကြာအမိဖမ်းနေမှ ..."

တီလေးက ‌တစ်နေရာရာကို ငေးရင်းပြောနေသည်မို့ သူလည်း တီလေးကို ဘာမှပြန်မပြောမိ။ မြတ်ပန်းသဇင်က အပိုင်ဖမ်းမဲ့သူတော့ မဟုတ်ဘူး။ သူတို့မိသားစုကို အားလုံးရှေ့မှာ မှားယွင်းစွပ်စွဲပြီး သူများဘဝပျက်ခဲ့ရတယ်လို့ ပတ်ဝန်းကျင်က ဝိုင်းလက်ညှိုးထိုးတဲ့အချိန်ကျ သူ့ကို အမုန်းကြီးမုန်းမှာ သေချာသည်။

🌴🌴🌴
"မ... ဓာတ်ပုံတွဲရိုက်ကြမယ်လေ..."

သူမနည်းချော့ထား၍ မက သူနဲ့အတူ ဟိုတစ်နေ့က မသွားလိုက်ရသည့် ဘုရားလိုက်ခဲ့သည်။ သူက တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ဓာတ်ပုံရိုက်ခိုင်းလိုက်သည်။

ရင်ထဲက နေရာ(OC)Where stories live. Discover now