🥥🥥🥥 Part (13)

607 21 0
                                    

🥥🥥🥥
လက်မခံမှန်းသိပေမဲ့ ဉာဏ်တွယ်ကပ်နေမိသည်။ ကိုယ့်ဘက်က သူမကို အရင်ချဉ်းကပ်ခဲ့ပေမဲ့ တကယ်ချစ်မိသွားတာကို သူမ မသိပါ။ သူမရဲ့ စိမ်းကားမှုတွေကိုလည်း နေသားကျနေပြီမို့ အရင်ကလောက် ခံစားချက်ကို ထုတ်မပြမိတော့။ မကို ယောက်ျားမာန အကျခံပြီး ဒူးထောက်တောင်းပန်တာတောင် မက အရေးမစိုက်တာမို့ ရင်ထဲဆစ်ခနဲဆစ်ခနဲ နာနေမိသည်။ မအဲ့လောက် မာကျောသွားအောင် သူကိုယ်တိုင်လုပ်ခဲ့မိလို့ပါ။ သူတောင် ဒီလောက် ရင်ကွဲမတတ်ခံစားရတာ ကံယာကံရှင် မကိုယ်တိုင် ဘယ်လောက်ခံစားရမလဲ။ သူပို့သမျှစားစရာတွေ မစားတာမို့ မရဲ့ သူငယ်ချင်း အစ်မတေးချိုချိုကို အကူအညီတောင်းပြီး မ မသိအောင် ပေးရသည်။ တစ်နေ့ သူပေးတာကို ကြည်ကြည်ဖြူဖြူ ယူမဲ့နေ့လေး ရောက်ချင်လှသည်။

"ခုရော... ဘာခိုင်းအုံးမလို့လဲ ငါ့မိန်းမကို..."

"ဗျာ..."

"ကိုကို..."

"စနောက်နေတာ တေးကလည်း..."

"ပြောင်ချော်ချော်နဲ့ ကလေးဖအေဖြစ်နေပြီနော်... "

ကိုညီက သူ့မိန်းမအပြောကို စိတ်မဆိုးဘဲ ပြုံးပြုံးကြီး ရယ်ပြနေတာမို့ ဉာဏ်မှာ အားနာနာနှင့် ဘာပြောရမှန်းမသိ။

"ဒီတစ်ခါရော ဘာကိစ္စလဲ ဉာဏ်..."

"ဟို အစ်မနာမည်နဲ့ deli ပို့ထားတယ်... မ မေးနေမှာစိုးလို့... ဒါက အစ်မ မဆီ ဒီနေ့သွားမယ်ဆိုလို့ မအတွက် အချိုရည်လေးပေးချင်နေတာ..."

"အင်း... မင်းလည်းနော်... သဇင်နဲ့ အဆင်ပြေမှ ဖြစ်တော့မယ် "

"ကျွန်တော်က အဆင်ပြေချင်တာပေါ့ ကိုညီ... မက စိတ်မာတယ်... ၂လ လုံးလုံး ကျွန်တော်ကို ရှိတယ်လို့တောင်မထင်ဘူး..."

"အဲ့ဒါတော့ မင်းအရင်မှားတာကိုး... မင်းသူနဲ့မှားကတည်းက တာဝန်ယူခဲ့သင့်တာ ဒါပေမဲ့ မင်းတီလေးကြောင့် ဖြစ်နေပြန်တော့ ငါလည်းမပြောတတ်တော့ဘူး "

တေးချိုချိုကတော့ ဉာဏ်ယူလာတဲ့ deliစာရင်းကို ကြည့်နေ၍ နေမင်းညီတို့ စကားဝိုင်းထဲ စိတ်ဝသ်စားမှု မရှိပေ။

"Wow... ကိုကို... ကြည့်ပါအုံး... သူတော့သူဌေးသားမို့ မမွဲတာ... တဘက်လေးတောင် Gucci တံဆိပ်နဲ့.... "

ရင်ထဲက နေရာ(OC)Where stories live. Discover now