🍈🍈🍈 Part (12)

641 21 0
                                    

🍒🍒🍒
"ခင်လေး... ဘေးအိမ်တွေကို မုန့်ပို့ပြီးပြီလား..."

သူမ ငှားထားတဲ့အိမ်ရဲ့ ဘေးအိမ်က အန်တီက သူ့သမီးကို ခိုင်းနေတာမို့ သဇင့်မိဘတွေကို သတိရမိသည်။ အရင်ကဆို သဇင်လုပ်နေကျ အလုပ်တွေ။ တိုက်ဆိုင်တိုင်း တွေးမိနေတာမို့ သဇင့်ခေါင်းကို ခါထုတ်ပြီး ပစ္စုပ္ပန်ကိုသာ ပြန်လာလိုက်သည်။ ချို့ဆီက အရင်းအနှီးနဲ့ လုပ်ထားတဲ့ ဆိုင်က ပြီးတော့မှာမို့ သူမလည်း ဒီက မကြာခင် အဲ့ကို ပြောင်းတော့မည်။

"သဇင်ရေ... ဧည့်သည်ရောက်နေတယ်..."

"ရှင်... ဟုတ်..."

နေပူပူနဲ့ ချိုလား။ မနက်က ညနေမှ လာမည်ဟု ပြောထားတာကြောင့် ဘယ်သူလဲ မသိဘဲ ထွက်လာမိသည်။

"မ...."

သူ့ကို မမြင်သေးဘဲ ဘေးကတစ်ယောက်နဲ့ စကားပြောပြီး ထွက်လာသည့် မ။ အရင်ကထက် စာရင် သိသိသာသာပိန်သွားတာမို့ ဉာဏ်မှာ စိတ်မကောင်းဖြစ်ရသည်။ မရဲ့ ဆူနေတဲ့ ဗိုက်ကလေးကို မြင်ရတော့ ကိုယ့်ရင်သွေးဆိုသည့် အသိကြောင့် ရင်ထဲတစ်မျိုးလေး ခံစားရသည်။ မကတော့ သူ့ကိုမြင်တာနဲ့ ဘာစကားမှမပြောဘဲ မျက်လုံးပြူးပြီး ကြည့်နေသည်။

"မ... "

"ရှင်... ရှင် ဘယ်လိုရောက်နေတာလဲ..."

"မ... မောင်လေ..."

"မခေါ်နဲ့ ... ရှင်နဲ့ကျွန်မ ပြောစရာမရှိဘူး... "

"မ... မသွားပါနဲ့... မ..."

"ဖြန်းးး"

ဉာဏ် မရဲ့ လက်ကို လှမ်းဆွဲလိုက်ပေမဲ့ သူပြန်ရလိုက်တာက ပါးပေါ်က ရိုက်ချက်တစ်ခု။

"မထိနဲ့ ငါ့အသားကို မထိနဲ့။ မင်းက ငါ့အတွက် ကျိန်စာတစ်ခုပဲ..."

"မ... မောင် တောင်းပန်ပါတယ်... မ...ကျေနပ်တဲ့အထိ မောင်တောင်းပန်ပါ့မယ်... မောင်နဲ့ ပြန်လိုက်ခဲ့ပါ..."

"ပြန်လိုက်တယ် ပြောရအောင် မင်းနဲ့ငါက ဘာပတ်သက်လို့လဲ... "

"မောင်တို့ရင်သွေးလေးရှိနေပြီလေ...မရဲ့..."

"နားခါးလိုက်တာ... မင်းကလေးဟုတ်ကော ဟုတ်လို့လား... ဒေါ်မေယမင်းသော်နဲ့ ပတ်ဝန်းကျင်က လူတွေပြောသလို ငါ့လိုမိန်းမပျက်လွယ်ထားတာ မင်းကလေးဆိုတာ သေချာလို့လား..."

ရင်ထဲက နေရာ(OC)Where stories live. Discover now