🍁🍁🍁 Part (17)

595 25 1
                                    

🍁🍁🍁
"မမလေး... ဟိုဘက်အိမ်မသွားနဲ့နော်... အဲ့အိမ်ကို မိပြုံးမုန့်ပို့ပေးပါ့မယ်..."

"မိသူ မမလေးကို ခေါ်ပြီးနင်ပြန်လိုက်..."

"အင်း... သွားရအောင် မမလေး..."

မိပြုံးနဲ့ မိသူမှာ ရင်တထိတ်ထိတ်ဖြစ်နေမိသည်။ မမလေးကို ဟိုဘက်အိမ်မသွားစေနဲ့မှာထားတာကို အမြန်တွေ့လိုက်လို့ တော်သေးသည်။

"မိပြုံး... ဘာလာလုပ်တာလဲ..."

"ဟို ... မမကြီးမေ... မုန့်လာပို့တာပါ..."

"ဘာလဲ... ငါ့ကိုကျ အဲ့အိမ်မလာနဲ့လို့ပြောထားပြီးတော့... ပေါက်ကရ လာမလုပ်နဲ့... ပြန်ယူသွား..."

မိပြုံးမှာ ကြောက်ကြောက်နှင့် အမြန်ထွက်ပြေးသွားတော့သည်။

"သူတို့မြေးနဲ့ သာယာနေပြီးတော့များ..."

ဒေါ်မေယမင်းသော် နှုတ်ခမ်းကို ကိုက်ပြီး မဲ့လိုက်သည်။ ဒီနေ့ဧည့်သည်တွေဖိတ်ပြီး ကလေးတွေရက်တစ်ရာပြည့်မွေးနေ့လုပ်တယ်လို့ ကြားထားပြီးသား။ သူ့ကိုဝင်ရှုပ်မှာစိုး၍ မပြောတာကိုလည်း သိနေတာမို့ သွားပြီး ရွဲ့ဖို့လုပ်ထားသည်။ ခုနကအထိ ရည်ရွယ်ချက် မပြောင်းသေးပေမဲ့ မြတ်ပန်းသဇင်ကို အိမ်ထဲကနေ လှမ်းမြင်လိုက်သည်။ အရင်ကနဲ့ မတူဘဲ ရူးနေတာထင်တယ်။ တကယ်စိတ်လွတ်သွားပုံရတာမို့ သူလည်းတွေဝေသွားသည်။ သူမတုန်းက ခြေထောက်တစ်ချောင်း သုံးစားလို့မရဘဲ စိတ်တွေညစ်ခဲ့ပေမဲ့ မြတ်ပန်းသဇင်လို စိတ်မလွတ်ခဲ့။ မြတ်ပန်းသဇင်က ပြောရရင် ယဉ်ယဉ်လေးနဲ့ရူးနေတဲ့ အရူး။ သားဉာဏ်ကို မုန်းလို့လက်မခံခဲ့သူက ရူးသွားတော့ ဘာမှန်းမသိဘဲ လိုက်တွယ်ကပ်နေတာလို့ ကြားထားတာ တွေ့လ်ိုက်ရတော့ အမှန်ပင်။ ပြောရရင် သူမရဲ့ ကလဲ့စားကြောင့် ရူးသွားတာလား။ သူမရဲ့အပြစ်ကော ကင်းရဲ့လား။ သူ့မိဘတွေကို ခံစားစေချင်လို့ လုပ်ခဲ့တာ မြတ်ပန်းသဇင်ကို ရူးစေချင်၍မဟုတ်။ ထိုနေ့တော့ အတွေးများ၍ သူမအခန်းထဲသို့သာ ကျိုင်းထောက်လေးနဲ့ ပြန်လာခဲ့သည်။

🍊🍊🍊
"တေး မငိုနဲ့လေ..."

"မာ...မီ.... ငိုရဲ့..."

ရင်ထဲက နေရာ(OC)Where stories live. Discover now