🫐🫐🫐Part(14)

453 15 0
                                    

🪻🪻🪻
"အေး... ငါလည်းမတွေ့တာ ကြာပြီ... "

"ဟုတ်တယ်... ထင်ကိုမထင်ထားတာ... လိမ္မာလိုက်တာဆိုပြီး ငါ့သမီးတွေကိုတောင် သူ့လိုဖြစ်ဖို့ဆုံးမမိသေးတာ..."

"အေး... ပျော့ပျော့နဲ့ နံတဲ့ကြောင်ချီးဆိုတာ အဲ့ကောင်မလေးမှ အစစ် ဘယ့်နှယ်မယူရသေးဘဲ ပလူးနေတာ အဲ့တာကြောင့် ဟိုက မကြိုက်တာအေ့။"

"ဟုတ်ပါ့... အုပ်ကြီးမိန်းမတောင် ငါ့ကိုပြောပြသေးတယ်... သူ့မိဘတွေက အရင်ငွေညစ်ခဲ့တာဆို..."

"ဟယ်... သူများပိုက်ဆံကို ... အဲ့လိုကြီးလား...."

"တောက်... စည်းမရှိတဲ့ ‌ပါးစပ်တွေ..."

မြတ်ပန်းကံ့ကော် တစ်ယောက် ဒေါသတစ်ကြီး အော်ပြောလိုက်မိသည်။ သူမ ကလေးမွေးဖို့ မိဘဆီလာနေတဲ့အချိန်မှာ ကြားလိုက်ရသည့်စကားတွေကြောင့် စိတ်တိုသွားသည်။

"ဒီမှာ... ‌ဒေါ်လေအိုးမနှစ်ယောက် ... အစ်မကို အဲ့လိုပြောရအောင် ရှင်တို့လုပ်စာထိုင်စားထားလို့လား... အကြောင်းအရင်းမသိဘဲ အပေါက်တွေကနေ ပေါက်ကရထွက်မကျစေနဲ့။ ကျွန်မက ကံ့ကော်နော်... သိတယ်မလား... "

"ကံ့ကော်မ... လူကြီးကို မရိုမသေနဲ့ မိဘတွေက စောစောလင်ယူ မြူဆွယ်တတ်ဖို့ သင်ထားတယ်ထင်တယ်..."

"အံမယ်... လာစော်ကားနေသေးတယ်... ရှင့်သမီးဆို လင်လိုချင်လွန်းလို့ ဟိုကောင်ကို တံခါးပိတ်ပြီး အပိုင်ဖမ်းတာမလား... ကျွန်မနဲ့မတူဘူးနော်... ကျွန်မယောက်ျားက ချစ်လွန်းလို့ ကျွန်မကိုယူထား‌တာ..."

ကံ့ကော်စကားကြောင့် ‌အဒေါ်ကြီးတစ်ယောက် ဆွေ့ဆွေ့ခုန်သွားသည်။ ကံ့ကော်က သူ့အစ်မ သဇင်လို‌‌ အေးအေး‌ဆေး‌ဆေးနဲ့ ဘာမှပြန်မပြောမှာ မဟုတ်ဘဲ  တစ်လုံးချင်းပြန်ပြောတတ်တာ တစ်ရပ်ကွက်လုံးအသိပင်။

"ကံ့ကော်... ရိုင်းလှချည်လားဟမ်... ငါနင့်ကို တရားစွဲပြမယ်..."

"ရတယ် အဒေါ်ကြီး စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်တက်မှာ... အဒေါ်ကြီး ကျွန်မအစ်မကို အရင်ပြောလို့ ပြန်ပြောတာ‌... ဒါကြောင့် ကျွန်မက အရင်တရားစွဲမှာ... "

"မာလာ... ငါတရားမစွဲရဲဘူးထင်နေလား..."

"စွဲလို့ပြောနေတယ်လေ... ရှင့်သားကို ကျွန်မအစ်မက မယူလို့ မကျေနပ်နေတာမလား... ရှင့်သားကို ရွှေကွပ်ထားရင်တောင် ကျွန်မအစ်မနဲ့ မတန်ဘူး... ကိုယ့်ရုပ်ကိုမှ အားမနာ..."

ရင်ထဲက နေရာ(OC)Where stories live. Discover now