🌷🌷🌷 Part (18)

596 22 0
                                    

🥀🥀🥀
"အား.... လူဆိုးမကြီး.... အား.... လူဆိုးမကြီး.... အား.... "

"မမလေး.... ဘာဖြစ်လို့လဲ...."

"အား...."

ဟိုဘက်ခြံကို ကြည့်လိုက်တော့ မမကြီးမေအပြင်ထွက်ထိုင်နေတာကို မမလေးက တွေ့သွားပုံရသည်။ မမလေးက အော်ဟစ်ရင်းနှင့် မိသူလက်ထဲ သတိလစ်သွား‌သည်။

"အစ်ကိုလေး... မမကြီး....အစ်ကိုလေး"

ချက်ချင်းဆိုသလို အစ်ကိုလေးက ရောက်လာသည်။

"ဟင်... မ... မ... ဘယ်လိုဖြစ်တာလဲ... "

"မမလေးက ပန်းခူးရင်း ဟိုဘက်ခြံကို ကြည့်နေတာ... မမကြီးမေကို တွေ့လို့ အော်ရင်းမေ့သွားတာ..."

"ဆရာဝန်ခေါ် ...."

ဉာဏ် မကို ပွေ့ချီပြီး အိမ်ထဲသို့ ဝင်လာသည်။ မ ဘာမှမဖြစ်ပါစေနဲ့။

🌸🌸🌸
"သေချာ ဂရုစိုက်ပါ... သူကြောက်တဲ့အရာကို မမြင်စေနဲ့ပေါ့..."

"ဟုတ်ကဲ့ ဆရာ..."

ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ မကို ကြည့်ပြီး အခန်းထဲကလူတွေ သက်ပြင်းချမိကြသည်။ သတိရလာရင် ဘယ်လ်ိုအခြေအနေမျိုးရှိမလဲမသိ။

"ဘယ်လိုဖြစ်တာလဲ သားရယ်... မာမီတို့ခဏလေးပဲ သားကိုကြီးအိမ်ရောက်နေတာ... ဘာဖြစ်လို့လဲ"

ကိုကြီးမိန်းမ မထားအိမ်က ကလေးမွေးထားလို့ သွားကြည့်တဲ့ မာမီတို့က ပြန်လာတော့ အံ့ဩစွာမေးလာသည်။

"တီလေးကို ဒီဘက်ခြံကနေ လှမ်းမြင်သွားတာ... မာမီ..."

"ဟယ်.... ဒါနဲ့ မြေးလေးတွေရော... "

"သူတို့အခန်းထဲမှာ အိပ်နေကြတယ်.... "

"အေး... သားဉာဏ် သမီးကို စောင့်ကြည့်ထားလိုက်... မာမီ့မြေးတွေ သွားကြည့်လိုက်မယ်..."

"ဒယ်ဒီလည်း လိုက်သွားမယ်... မိပြုံးတို့က ဒီမှာပဲ ကူစောင့်ထားလိုက်... တစ်ခုခုလိုတာရှိရင် ‌လာပြောလိုက်..."

ဒယ်ဒီနဲ့ မာမီထွက်သွားပေမဲ့ ခုထိ သတိမလည်လာသေးတဲ့ မကို စိတ်ပူနေမိသည်။

"မပြုံးတို့ အပြင်ထွက်ချင်ထွက်လေ... မ သတိရမှခေါ်လိုက်မယ်..."

ရင်ထဲက နေရာ(OC)Where stories live. Discover now