🍎🍎🍎 Part (6)

474 13 2
                                    

🌷🌷🌷
"ကြည့် ရည်းစားရသွားကတည်းက လူကို ပစ်ထားတာ"

"အမယ် အချိုမ နင်ကပြောရမယ်ရှိသေး... နင့်ဘာသာ နင့်ယောက်ျားနဲ့ သမီးနဲ့ မအားဘူးဖြစ်နေပြီးမှ..."

"နင်... ခရီးသွားမလို့ဆို..."

"အင်းလေ... ငါ့အမေကို ကြိုပြောထားတာ... မောင်ပြန်ရောက်တာနဲ့ အဖွဲ့လိုက်စုသွားမလို့... နင်က ကလေးနဲ့ဆိုတော့..."

"အေးပါ... သိပါတယ်... သဇင်နော် ခေါ်ရဲနေပြီပေါ့ ဟီးဟီး... မောင်တဲ့..."

"ကောင်မ... ရယ်မနေနဲ့ ကိုညီ့ကိုကြည့်အုံး စိတ်တိုနေတဲ့ပုံပေါက်တယ်..."

"ကိုကိုက အဲ့လိုပဲ သူ့ကို သူ့သူငယ်ချင်းက ယောက္ခမလို့ စလိုက်လို့လေ..."

"နေကြာလေးက သူ့ဒယ်ဒီနဲ့ ပိုတူလာသလိုပဲ..."

"အင်း... အဲ့တာတော့ ဟုတ်တယ်..."

"ခုဆို... နင့်ယောက္ခမနဲ့ ယောက်မက နင့်ကိုတော်တော်ချစ်နေတာနော် အဆင်ကိုပြေနေတာပဲ"

"ဟီး... အဲ့လိုပါပဲ ဒါပေမဲ့ မလွယ်ဘူးဟ... တစ်နေ့တစ်နေ့ ကလေးလုနေကြလို့ ငါက မဟော်သဓာဝင်လုပ်နေရတာ သဇင်ရယ်"

"အဲ့တာများ နောက်တစ်ယောက် ထပ်မွေးလိုက်ပေါ့"

"သဇင်နော်... ကိုယ့်သူငယ်ချင်းကို..."

"ငါက စတာ.. စိတ်မဆိုးနဲ့ "

"ပြီးတာပဲ... လင်းက နင့်မင်္ဂလာဆောင်မှ ပြန်လာမှာ အဲ့ကြောင့် ဆောင်လိုက်တော့..."

"အချိုမ... နင်နော်..."

"ဟား... ရှက်နေပြီ... ငါ့သူငယ်ချင်းက..."

"တေး... လာပါအုံး... ကိုယ်တို့ လုပ်ငန်းက မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးမလို့ ... "

"ဟုတ်... ကိုကို..."

"သွားလေ... စိတ်ချ ငါဒီမှာစောင့်နေမယ်... နင့်ညီမလည်းရှိတယ်"

"အွန်း..."

တေးချိုချိုကို ကိုနေမင်းညီက လက်တွဲခေါ်သွားပြီး မိတ်ဆက်ပေးပြီး အဖွဲ့ကျနေသည်။ သူမ သူငယ်ချင်းလေးက ပြုံးရွှင်ပြီး ပျော်နေတာမို့ သဇင်လည်း ဝမ်းသာမိသည်။ မောင့်အသိုင်းဝိုင်းက ဘယ်လိုလဲဆိုတာ သူမခုထိမသိသေး။ သို့ပေမဲ့ မောင်က သူမကို အရမ်းချစ်တာမို့ ချို့လိုပဲ သူမစိတ်ချမ်းသာရမှာပါ။ ကံကြမ္မာက သဇင့်ကို ရက်စက်လိမ့်မယ်လို့ သဇင်မထင်ခဲ့တာအမှန်ပင်။

ရင်ထဲက နေရာ(OC)Where stories live. Discover now