🍋🍋🍋Part (9)

500 14 2
                                    

🍋🍋🍋
သဇင်ရဲ့မိဘတွေကတော့ ယူကျုံးမရဖြစ်ပြီး သဇင့်ကို စိတ်ဆိုးကြသည်မှာ စကားပင်မပြောကြ။ သဇင်တို့မိသားစု အပြင်မထွက်ရဲတော့တာ ထိုအမျိုးသမီး လာရောက်သောင်းကျန်းလိုက်ကတည်းက။ သဇင့်ကို မေမေတို့က ဆူလည်းမ‌ဆူတော့ဘဲ စကားမပြောကြတော့တာ ၂ရက်ပင် ရှိပြီ။ သဇင် အိမ်မှာနေလျှင် သဇင်ကိုမြင်ပြီး  အားလုံးစိတ်ဆင်းရင်းနေမှာမို့ သဇင်နံနက်စောစော အိမ်မှထွက်လာမိသည်။ ခြေဦးတည့်ရာထွက်လာပြီးမှ ဘယ်သွားရမှန်းမသိ ဖြစ်နေ၍ လမ်းဘေးမှာ ထိုင်ချလိုက်သည်။ နေ့ခင်းပင် ရောက်ပြီမို့ လူက အစားမရှိ၍ ရင်ထဲတရိပ်ရိပ်နဲ့ နေလို့မကောင်းဖြစ်နေသည်။ ပါလာတာဆိုလို့ ဖုန်းနဲ့ ပိုက်ဆံအိတ်သာ။ အိမ်မပြန်ချင်တာမို့ နှစ်လစာ အဆောင်ငှားလိုက်သည်။ ကိုယ့်အပူနဲ့ကိုယ်မို့ အင်္ကျီကို ရပ်ကွက်ထဲက အငှားဆိုင်တစ်ခုကနေပဲ ကြုံရာဝင်ဝယ်လိုက်သည်။ ခုပုံစံနှင့် သဇင်က တီချယ်မြတ်ပန်းသဇင်ဆိုသည့် ပုံစံနှင့် လုံးဝမသက်ဆိုင်တော့သည့်အလား။

"ကလေးမ... အသက်ဘယ်လောက်လဲ..."

"ရှင်...၂၆‌ ကျော်ပြီ ၂၇ထဲမှာပါ အန်တီ..."

"ဟုတ်လား.... အန်တီက ၂၀လောက်ထင်နေတာ နုတာကိုး..."

"မြို့တက်လာတာလား..."

"ရှင်...."

"အူတူတူနဲ့ အလုပ်မရှိသေးရင် ငါက အလုပ်ရှာပေးမလို့ ...အရင်က ဘာအလုပ်လုပ်လဲ"

"ဆရာမ..."

"အော်... ဆယ်တန်းကလေးတွေသင်တဲ့ အဆောင်မှာလူလိုနေတာတဲ့ စာမေးပွဲဖြေဖို့လည်း တစ်လပဲ လိုတာဆိုတော့... ကိုက်လုပ်ကူမလား... ငါ့တူမအဆောင်လေ ငါကူပြောပေးမယ်..."

"ရှင်... ဟုတ်... အန်တီ..."

"အေး... နာမည်က သဇင်နော်... ထမင်းက လခစားစားချင်ရင် အဆင်ပြေတယ်နော်..."

"ဟုတ် အဒေါ်..."

အိမ်ပိုင်ရှင် အဒေါ်ကြီးက သဘောကောင်း၍ သဇင် ပတ်ဝန်းကျင်အသစ်မှာ နေပျော်မိသည်။ ရင်နာစရာ အတိတ်ကို ထပ်မစဉ်းစားချင်ပေ။ တစ်ပတ်လုံးလုံး မျက်ရည်တွေနဲ့ သတိလစ်မတတ် ငိုပွဲတွေဆင်ပြီး ရင်ကွဲခဲ့ပြီမို့ သဇင်ဘဝကို တစ်ယောက်တည်း လွတ်လပ်စွာ ရှင်သန်ချင်သေးသည်။ လောကကြီးအလယ်မှာ တစ်ယောက်တည်းပေါ့။ သဇင့်ကိုယ့်ကိုယ်ကို သတ်သေရလောက်တဲ့အထိတော့ မတန်တာမို့ အသက်ရှင်ပြီး လောကကြီးကို ကောင်းကျိုးပြုတော့မည်။ မေမေတို့ကြာရင် သဇင့်ကို မေ့သွားမှာပါ သမီးမိုက်ကို ခွင့်လွှတ်ပါမေမေ။ သဇင်ကောင်းမှုတွေ လုပ်ပြီး ကုသိုလ်တွေ စုဆောင်းပါရစေ။ နောင်ဘဝမှာ ဤအဖြစ်မျိုး မကြုံရပါစေနှင့်။

ရင်ထဲက နေရာ(OC)Where stories live. Discover now