💐💐💐 Part (7)

491 11 0
                                    

🍏🍏🍏
မွန်းလွှဲပိုင်း တောင်တက်ဖို့ အဖွဲ့ခွဲကြတော့ နှစ်ယောက်စီတက်ကြမည်မို့ သူမနှင့် မောင်မှာ တစ်ဖွဲ့တည်းဖြစ်သွားသည်။ တခြားအဖွဲ့တွေလည်း လာကြတာမို့ ညကျ camping လုပ်မည့်နေရာကို အတူစုံမည့်နေရာ တောင်ပေါ်မှာ လုပ်ကြမည်ဖြစ်သည်။ ဒါကြောင့် အထုပ်ကိုယ်စီနှင့် လမ်းခွဲပြီး သွားကြတော့သည်။ အားလုံးက သူမတို့ကို အရင်သွားခိုင်းတာကြောင့် ဉာဏ်နဲ့ သဇင်လည်း အရင်တက်ခဲ့သည်။ တောတောင် ဆိုသည့် အတိုင်းပဲ ရှုခင်းကတော့ တကယ်လှသည်။ စိမ်းစိမ်းစိုစိုနဲ့ဘစိတ်ကို တကယ်ကြည်စေသည်။ လမ်းမှာ သဇင်တို့နဲ့ တွေ့ပြီး တောင်ပေါ်မှာ camping လုပ်ကြမဲ့ လူတွေလည်း အများကြီးတွေ့ခဲ့သည်။ သို့ပေမဲ့ ထူးဆန်းတာက အတွဲတွေချည်းသာ ခပ်များများပင်။

"မ... မောနေပြီလား..."

နှစ်ယောက်သား ပစ္စည်းအများကြီးနဲ့မို့ မောင်က သဇင့်ကိုလည်း ကူသယ်ပေးသည်။ ဒါကြောင့် သဇင် ဆုံမဲ့နေရာ အမြန်ရောက်ချင်နေမိသည်။

"ရတယ်မောင်... ရေသောက်ပြီးရင် ဆက်သွားမယ်လေ... "

"မ... အဆင်မပြေရင် ခဏနားကြမယ်လေ... အရင်ရောက်ဖို့ မလိုပါဘူး..."

"အင်း... မောင် ... တောင်ပေါ်မှာ camping လုပ်ဖို့ ဘယ်သူက resort ကို စခဲ့တာလဲ မသိဘူးနော်"

"မောင်လဲ မသိဘူးလေ... "

"သဇင်တော့ မောင်နဲ့ ဒီလိုတောင်တက်ခရီးမျိုး အများကြီးတက်ချင်တယ်... ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တိုင်း အေးချမ်းသွားတာပဲ..."

"မ.. သဘော..."

ဉာဏ်တို့ တက်လာတာ တဖြည်းဖြည်းနဲ့ တောင်ထိပ်ကို မြင်နေရပြီ။ တောင်ပေါ်တစ်ဝိုက်မှာ camping လုပ်မဲ့သူ သိပ်မရှိပဲ နည်းနည်း အလှမ်းဝေးကြသည့် နေရာမှာ tent ထိုးနေကြပြီဖြစ်သည်။ သူနှင့် သဇင် သတ်မှတ်ထားသည့် ဆုံမယ့်နေရာမှာ ရောက်နေကြပေမဲ့ အချိန်တစ်ခုထိ တစ်ယောက်မှ ရောက်မလာကြသေးပါ။ ဒါကြောင့် သူနဲ့ သဇင်လည်း အရင်ဆုံး ပါလာတဲ့ ပစ္စည်းတွေထုတ်ပြီး tent အရင်ထိုးလိုက်သည်။ ပြီးလျှင် ပါလာသည့် ပစ္စည်းတွေကို နေရာချကြသည်။

ရင်ထဲက နေရာ(OC)Where stories live. Discover now