🍓🍓🍓 Part (3)

472 16 0
                                    

🍓🍓🍓
"မင်းနဲ့ တွဲကြည့်ဖို့ သဘောတူတယ် "

Message စာကြောင်းက တိုတိုလေးပေမဲ့ ဉာဏ်ဖတ်နေမိတာ ဆယ်ခါမကတော့။ ဖတ်တုန်းက ဖတ်ပြီးတော့ ကိုယ့်အကြောင်းကို အတွေးဝင်လာတော့ ဖုန်းကို ချက်ချင်းပိတ်လိုက်မိသည်။ သူမကို သူ့စိတ်ထဲထားစရာမှမလိုတာ။ ကလဲ့စားချေရမဲ့သူလေ။ ဒါပေမဲ့ သူမအကြောင်း ပြန်တွေးကြည့်တော့ အကာ်၍ သူမသာ ထိုမိသားစုက မဟုတ်ခဲ့ရင် သူမလို ခပ်ချေချေနဲ့ ချစ်စရာမိန်းကလေးကို သေချာပေါက် သဘောကျမိမှာအမှန်ပင်။ ခုတော့မတတ်နိုင်ဘူး။ တီလေးကို မြင်ရတာနှင့် သူမတို့မိသားစုကို သတ်ချင်စိတ်ပေါက်လာရသည်။ ဒါကြောင့် သူမကို ချစ်မိ၍ မဖြစ်ပေ။

"သားဉာဏ်... မင်းနောက်အပတ် လေယာဉ်ထပ်တက်တော့မယ်ဆို..."

"ဟုတ်တယ်... အစ်ကို.... ဘာမှာမလို့လဲ"

"မင်းမရီး... ထားအိမ်အတွက် မှာချင်တာရှိလို့... အဲ့တာမှာမလို့လေ..."

"ကိုကြီးတို့ အတွဲက ခုထိ roလို့ မပြီးနိုင်သေးဘူးလား..."

"မင်းမှ အချစ်နဲ့မတွေ့သေးတာကိုး... မင်းက အဖြူသက်သက်ပဲရှိနေလို့လေ..."

"ပြောပြီ လူကို..."

"မင်းက ရည်းစားမထားသေးဘူးလား... အသက်က ၂၃ဝင်နေပြီ..."

"ကိုကြီးတောင် အစ်မထားအိမ်နဲ့ အသက်၂၉မှ ယူတာမလား... "

"အဲ့ကြောင့် မာမီက ငါ့သားငယ် ချောသာချောပေမဲ့ မိန်းမကောရပါ့မလားတဲ့"

"အချိန်တန်ရင် ယူမှာပေါ့"

"အော်... လူပျိုကြီးတော့ မလုပ်ဘူးဘဲ ဒါဆို ဒယ်ဒီနဲ့ မာမီကို သတင်းကောင်းပြန်ပြောလိုက်မယ်လေ... ဒယ်ဒီတို့ သားငယ်က တစ်နေ့နေ့တော့ မိန်းမယူဖြစ်မှာပါဆိုပြီး..."

"ကိုကြီး မိန်းမရတာ တစ်နှစ်တောင် မပြည့်သေးဘူး လူကိုဖဲ့တာ... ကြားမိတယ်နော် ကိုကြီး သူငယ်ချင်း ကိုညီတောင် သမီးရတော့မယ်ဆို... "

"မင်း... ကိုယ့်အစ်ကိုကို အဖြစ်မရှိဘူးလို့ ပြောနေတာလား"

"ကျွန်တော်က လက်တွေ့ဖြစ်ပျက်နေတာပဲ ယုံတာ..."

ရင်ထဲက နေရာ(OC)Tempat cerita menjadi hidup. Temukan sekarang