🪻🪻🪻 Part (20)

620 26 2
                                    

🥝🥝🥝
"သဇင်...."

"ကိုလတ်နဲ့ စကားမပြောချင်သေးဘူး... "

တစ်ယောက်ပြီးတစ်ယောက် မင်္ဂလာပွဲလုပ်ဖို့ လာဖြောင်းဖြတော့မှာကို သဇင် သိနေသည်မို့ စကားမပြောချင်ပါ။

"ကိုလတ်ပြောမှာ သဇင်သိနေတယ်မလား... ခေါင်းမမာပါနဲ့ ညီလေးရယ်"

"အဲ့လိုထင်နေကြတာလား... သဇင့်အဖြေက ရှင်းတယ် လုပ်စရာမလိုဘူး.... သူနဲ့လက်မှတ်ထိုးပြီးသားမို့ ‌အလုပ်ရှုပ်တာပဲရှိတယ်..."

"ညီမလေးရယ်... ပတ်ဝန်းကျင်ဆိုတာရှိသေးတယ်လေ..."

"သူတို့သိထားတာအမှန်ပဲလေ... "

"ဖေဖေနဲ့မေမေအတွက်တွေးပေါ့ ညီမလေးရဲ့ ဂုဏ်သိက္ခာအတွက် မင်္ဂလာပွဲကို မိဘအနေနဲ့ လုပ်စေချင်မှာပဲ..."

"အဲ့လို့လား ဟုတ်တယ်နော် သဇင်မလုပ်ချင်ရင်တောင် မေမေတို့ဆန္ဒကိုမေ့နေတာ... "

မျက်နှာထားတစ်မျိုးနဲ့ တွေးတွေးဆဆပြောလိုက်သည့် သဇင်ကြောင့် အစ်ကိုဖြစ်သူမျက်နှာကဲခတ်မိသွားသည်။

"ညီမလေး..."

"လုပ်ပါ့မယ်... ‌မိဘကို ကျေးဇူးဆပ်ချင်လို့  သူတို့ဆန္ဒဆို အကုန်လုပ်မယ်..."

"မဟုတ်ဘူး... ညီမလေး တစ်ခုခုဖြစ်နေတယ်  အစ်ကို့ကိုပြောလို့ရတယ်..."

"အဆင်ပြေတယ် ကိုလတ်... "

"ညီမလေးမျက်နှာကို ကြည့်တာနဲ့ အဆင်မပြေမှန်းသိတယ်... မောင်နှမအချင်းချင်းပြောလို့ရတယ်..."

ကိုလတ်က သဇင့်ကို မျက်လုံးချင်းဆုံကာ မေးနေသည်မို့ သဇင်မလိမ်တတ်တော့ဘဲ မျက်ရည်ပူတွေ လိမ့်ဆင်းလာသည်။

"သဇင့်ကို ကိုလတ်တို့မချစ်ဘူး ပစ်ထားကြတယ်.... အီး.... ဟီး... အကုန်လုံးက သဇင်မရှိဘဲ ပျော်နေကြတာ... အဟင့်... "

"မဟုတ်တာ... "

"ဟင့်အင်း... သဇင်မပါဘဲ ကိုလတ်တို့မိသားစုလိုက် ပျော်နေကြတာ သဇင်မြင်ခဲ့တယ်... အီး... ဟီး... သဇင်မှာတော့ ဗိုက်နဲ့မို့ ပြန်မလာရဲဘဲ ငိုနေရတာ ... ကိုလတ်တို့ကို သွားချောင်းကြည့်လို့ တိုက်မိတာတောင် မမှတ်မိဘူး... အဟင့်... "

ရင်ထဲက နေရာ(OC)Opowieści tętniące życiem. Odkryj je teraz